ကယန်းဒေသအတွင်းမှာ ကယန်းမိခင်ဘာသာစကားကို အခြေပြုသင်ကြားတဲ့ စာသင်ကျောင်းပေါင်း ၇၀ ရှိ

ကယန်းဒေသအတွင်းမှာ ကယန်းမိခင်ဘာသာစကားကို အခြေပြုသင်ကြားတဲ့ စာသင်ကျောင်းပေါင်း ၇၀ ရှိ

ကယန်းဒေသအတွင်းမှာ ကယန်းမိခင်ဘာသာစကားကို အခြေပြုသင်ကြားတဲ့ စာသင်ကျောင်းပေါင်း ၇၀ ရှိနေတာကြောင့် မိခင်ဘာသာစကားသင်ကြားနိုင်မှု ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီလို့ ကယန်းအမျိုးသားပညာရေးကော်မတီ ( KNEC ) ရဲ့ ဒု – ဒါရိုက်တာ ခွန်းနေဇာက ပြောပါတယ်။

KNEC လက်အောက်ကနေ သွားတဲ့ စာသင်ကျောင်းဟာ လက်ရှိမှာ ကျောင်းပေါင်း ၁၄၀ ရှိပြီး ကျောင်းဆရာ၊ ဆရာမ ဦးရေ ၉၀၀ နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ခုလက်ရှိ ပြောလို့ ရတာက ၅၀ ရာခိုင်နှုန်းသော ကျနော်တို့ကျောင်းတွေကတော့ ကျနော်တို့ မိခင်ဘာသာစကားကို အသုံးပြုပြီး သင်ကြားတဲ့ ပုံစံမျိုးနဲ့ သွားနေရတယ်။ နောက်ပြီး ကျန်တဲ့ တစ်ဝက်ကတော့ ကျနော်တို့ ဘုံအများနားလည်တဲ့ မြန်မာစကားကိုပဲ အသုံးပြုပြီး သင်ကြားနေရတဲ့ အနေအထားတစ်ခုရှိပါတယ်ပေါ့”လို့ ခွန်းနေဇာက ဆိုပါတယ်။

ကယန်းမိခင်သာသာစကားနဲ့ သင်ကြားပို့ချမှုကို အာဏာမသိမ်းခင်ကတည်းက ဆောင်ရွက်ခဲ့ပေမယ့် KNEC ဖွဲ့စည်းပြီးတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှသာ သင်ကြားပို့ချမှုကို ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှေ့ဆက်မှာလည်း ကယန်းဒေသတစ်ခုလုံးက စာသင်ကျောင်းတွေမှာ ကယန်းမိခင်ဘာသာစကားကို အခြေပြုပြီး သင်ကြားနိုင်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ကျနော်တို့ သင်ကြားမှုမှာ မိခင်ဘာသာစကားကို ကျနော်တို့ ထည့်သွင်းသင်ကြားခြင်းအားဖြင့် ကွာဟမှုတွေက ဘာတွေရှိနိုင်လဲဆိုရင် ကျောင်းသားတွေအနေနဲ့ လေ့လာမှု ပိုမြန်စေနိုင်တယ်။ နားလည်သိကျွမ်းမှုကို ပိုမြန်ဆန်စေတယ်ပေါ့နော်။ ကျနော်တို့ ဆရာ/မနဲ့ ကျောင်းသားကြား ရင်းနှီးမှုလည်း ပိုပြီအားကောင်းစေတယ်ဆိုတာ ကျနော်တို့ မြင်တွေ့ရပါတယ်။”လို့ ခွန်းနေဇာက ဆိုပါတယ်။

KNEC လက်အောက်ကနေ သွားတဲ့ စာသင်ကျောင်းတွေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ ချိတ်ဆက်ဆောင်ရွက်မှု မရှိဘဲ ကိုယ်ပိုင်သင်ကြားရေးစနစ်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိခင်ဘာသာစကားကို သင်ရိုးညွန်းတစ်ခုအနေနဲ့ ရေးဆွဲထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Most read this week

June 16, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ...
June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...