မင်းတပ်မြို့ပေါ်က ပြည်သူများ စစ်ရေးစိုးရိမ်မူကြောင့် ကြိုတင်စစ်ဘေးတိမ်းရှောင်နေကြဟုဆို

မင်းတပ်မြို့ပေါ်က ပြည်သူများ စစ်ရေးစိုးရိမ်မူကြောင့် ကြိုတင်စစ်ဘေးတိမ်းရှောင်နေကြဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ပြည်သူအများစုသည် ယခုမေလကုန်ပိုင်းမှစတင်ကာ ပခုက္ကူမြို့ပေါ်နှင့် အခြားဒေသများသို့ ကြိုတင်ပြောင်းရွေ့ တိမ်းရှောင်နေကြ သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့၊ကျီးခါးမြို့ တို့ကို ယခုမေလအတွင်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန လက်အောက် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီး၊  တီးတိန်မြို့ ပေါ် တွင်လည်း ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်မှုရှိလာသောကြောင့် မင်းတပ်မြို့ ပေါ်တွင် စစ်ရေးပြင်းထန်လာနိုင်သည်ဟုဆိုကာ ပြည်သူများ မြို့တွင်းမှ ထွက်ခွာသူ များလာသည်ဟု မင်းတပ်မြို့က ရပ်မိရပ်ဖတဦးက ပြောသည်။

“သူတို့သားသမီးတွေက စစ်ရေးဆိုးလာမှာစိုးလို့ မနေခိုင်းကြတော့ဘူး ပခုက္ကူဘက်မှာ မင်းတပ်၊ ကန်ပက်လက်က ချင်းတွေ အများကြီး၊ အခုမေလ နောက်ဆုံးအပတ်မှပြေးလာကြတာ နောက်ထပ်လည်းလာကြအုံးမယ်။ နေရေး ထိုင်ရေးကတော့  နီးစပ်ရာနဲ့ ရောက်နှင့်တဲ့သူတွေစီမှာ ပေါင်းပြီးမှ တည်းကြတယ် လောလောဆယ်မှာ၊ အခု အိမ်တွေ ငှါးဖို့ပြောကြတော့ အိမ်းငှါးပေးရတယ်၊ အခုရောက်တဲ့သူ တွေက လူဦးရေ (၃၀၀) လောက်ရှိတယ်။ အရင်ကတည်းက ရောက်ထားတဲ့သူတွေက အိမ်ခြေ (၆၀) လောက်ရှိတယ်။” ဟုပြောသည်။

မင်းတပ်မြို့ပေါ်က ပြည်သူအများစုသည် လက်ရှိတွင်နေ့တိုင်းနီးပါး စစ်ဘေးတိမ်းရှောင်သူများလာကာ သက်ကြီး ရွယ်အို၊ မသန်စွမ်းနှင့် စစ်ဘေးတိမ်းရှောင်ရန်ခက်ခဲ့သည့် ပြည်သူများအတွက်မူ ဘာသာရေး ဆရာတော်များနှင့် ရပ်မိရပ်ဖတို့မှ လုံခြုံသော နေရာများကို ကြိုတင်စီစဉ်ပေးရန် ကြိုးစားနေ သည်ဟု သိရသည်။

မင်းတပ်မြို့သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အစောဆုံးဆန့်ကျင် တိုက်ခိုက်ခဲ့သောဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တို့အကြားတိုက်ပွဲများကြောင့် ဒေသခံထောင်ချီသော မြို့ပေါ်ကပြည်သူများသည် ကျေးလက်ဒေသဘက်တွင် ယခုချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြ ဆဲဖြစ်သည်။

လက်ရှိမင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဝင်များသည် နေ့စဉ် လုံခြုံရေးစစ်ဆေးမှုတင်းကြပ်စွာပြုလုပ် နေကာ မေလအတွင်း ကျေးရွာဖက်မှ တက်လာသော အရပ်သားပြည်သူ (၁၀) ဦးထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီးမူခံရကာ အများစုသည် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု မင်းတပ်ဒေခံက ပြောသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...