ဘုရားသုံးဆူမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအများအပြား ရောက်ရှိလာတယ်လို့ ဒေသခံတွေပြော

ဘုရားသုံးဆူမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအများအပြား ရောက်ရှိလာတယ်လို့ ဒေသခံတွေပြော

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံ သားအများအပြား ပြောင်းရွှေ့နေထိုင်လာပြီးနောက် တရားမဝင်လောင်းကစားလုပ်ငန်းတွေ ပေါ များလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကစပြီး မြဝတီဘက်မှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ငါးလအတွင်း ထွက်ခွာကြဖို့ BGF လည်းဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် KNA က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်း တရုတ်နိုင်ငံသားတွေဟာ ဘုရားသုံးဆူအခြေစိုက် လှုပ်ရှားနေတဲ့ ဒီမိုကရေစီအ ကျိုးပြု ကရင့်တပ်မတော် DKBA ၊ BGF အပါအဝင်လက်နက်ကိုင်တွေရဲ့ အကူအညီဖြင့် တဖြည်း ဖြည်း ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေဟာ တည်းခိုခန်းတွေနဲ့ မြို့ထဲကအိမ်တွေကို ဈေးကောင်းပေးပြီး ငှားရမ်းနေထိုင်နေကြသလို တရားမဝင်လောင်းကစားလုပ်ငန်းဖြစ်တဲ့ ကာစီနိုလောင်းကစားဝိုင်းတွေ အများအပြားပေါ် ထွက်လာတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဘုရားသုံးဆူမြို့ခံတစ်ဦးက တရုတ်နိုင်ငံတွေ ရောက်ရှိလာပြီးနောက် မြို့တွင်း လောင်းကစားဝိုင်းတွေ ပေါများလာသလို လောင်းကစားရုံအသစ်တွေ တည်ဆောက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသားတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီဖြင့် ဓမ္မဂီရိတောင်ခြေ ရင်းမှာရှိတဲ့ မြေကွက်တွေကို ဈေးကောင်းပေးဝယ်ယူနေပြီး တရုတ်တန်းလျားအသစ် ဆောက်လုပ်ဖို့ ပြင်ဆင်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းလောက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ရဲ့ လက်အောက်ခံ အ ဖွဲ့ဖြစ်တဲ့ အယားဆိုသူရဲ့ဘက်ခြမ်းမှာ တရုတ်တန်းလျားအသစ်တစ်ခု ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိဆောက်လုပ်နေတဲ့ တရုတ်တန်းလျား အဆောက်အဦးဟာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ကာစီနိုလောင်းကစားဝိုင်းတွေအတွက် ဆောက်လုပ်နေတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက်ရှိ မျိုးချစ်ဂိတ်ကနေစပြီး တိုင်တစ်ရာကျောင်းအရှေ့ဘက်ခြမ်း တစ်ကြောလုံးမှာရှိတဲ့ အိမ်တိုင်းလိုလိုမှာ ကာစီနိုလောင်းကစားဝိုင်းတွေ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ဘုရားသုံးဆူမြို့မှာရှိတဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်း လုပ်ကိုင်သူတွေဟာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နဲ့ လက်နက်ကိုင်အဖွဲ့တွေကို လစဉ်ကြေး ပေးဆောင်ထားပြီး DKBA ဘက်ကလည်း လောင်းကစားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူထားတာ ဖြစ်ပါတယ်။

အခု ပြောင်းရွှေ့လာကြတဲ့ တရုတ်နိုင်ငံသားတွေဟာ မြဝတီမြို့ သောင်းရင်းမြစ်ဘေးက ငွေလိမ်ဂိုဏ်းနဲ့ ကာစီနိုလောင်းကစားရုံ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က နှိမ်နင်းခဲ့ပေမယ့် မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်မှာတော့ ကျားဖြန့်နဲ့ ကာစီနိုလောင်းကစားလုပ်ငန်းတွေ တစ်စတစ်စ ကြီးထွားနေတာ ဖြစ်ပါတယ်။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...