တီးတိန်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကတိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲလို့အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိ

တီးတိန်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကတိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲလို့အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိ

တီးတိန်မြို့မှာ စစ်ကောင်စီတပ်က မေလ ၂၆ရက် ည ၁၀ နာရီ ခန့်ကနေ စပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိလာတာကြောင့် မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ  စစ်ကောင်စီကဂျက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ လို့ အရပ်သားတချို့ထိခိုက်ဒဏ်ရာရကြောင်း  တီးတိန်မြို့ ဒေသခံများ ထံမှ သိရှိရပါတယ်။

" PDF Zoland အပါအဝင် ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့ တွေ ကလေးမြို့ဘက် အဝင်ဝ ဖြစ်တဲ့ ဆဲဇန် ရွာဘက်ကနေ ချီတက်လာတယ် လို့ ပြောသံ ကြားတယ်။ မနေ့ညက ပစ်တဲ့ လက်နက်ကြီးတွေလည်း အဲဖက်ကိုပဲ ချိန်ပြီး ပစ်ကြတယ်။ လေလုမ်းရပ်ကွက် ထဲ ကျရောက်ရောက် ပေါက်ကွဲတာတွေလည်း ရှိတယ်" လို့ တီးတိန်ဒေသခံ လူငယ်တစ်ဦးက တီးတိန်မြို့ ပစ်ခတ်မှု ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

" ညနက်တော့ လက်နက်သံတွေ ငြိမ်သွားတယ်။ မနက် လေး နာရီ လောက်ကနေ လက်နက်ကြီးရော လက်နက်ငယ်ပါ ပစ်ခတ် လာကြတယ်။ ဘယ် အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်နေတာလဲ ဆိုတာတော့ ဒေသခံတွေ အနေနဲ့ ကောင်းကောင်း မသိရသေးဘူး၊ "အခုချိန် ထိတော့ Y 12 လေယာဉ် နဲ့ ၈ကြိမ်၊ ဂျက်ဖိုက်တာ နှင့် ၃ ကြိမ် ဗုံးကြဲချ ခဲ့ပြီ။ ပြောနေရင် ထပ်ချလိုက် ပြန်ပြီ။ Leilum နဲ့ Leitawhtan ရပ်ကွက် ဘက်ကို ပစ်မှတ်ထားပြီး ဗုံး လိုက်ကြဲတဲ့ ပုံစံပဲ" လို့ တီးတိန်မြို့အခြေအနေကိုလည်း အဆိုပါတီးတိန်မြို့ခံလူငယ်က ရှင်းပြပါတယ်။

လက်ရှိ အချိန်မှာတော့ အရပ်သား နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိတယ်လို့ သိရပြီး ဒဏ်ရာရသူ အရေအတွက် ပိုမို များပြား နိုင်တယ် လို့လည်း သူက ဆိုပါတယ်။

တီးတိန်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဟာ မည်သည့် အဖွဲ့အစည်း ဖြစ်သည်ကိုမူ ဒေသခံများ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။

လက်ရှိ အချိန်မှာတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ PDF Zoland အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ အတွက် ရံပုံငွေ ရှာဖွေရေး အွန်လိုင်းပွဲ ပြုလုပ်နေခဲ့ပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တွန်းဇံမြို့သိမ်း တိုက်ပွဲကြောင့် စစ်ရှောင် ပြည်သူ ၃၀၀၀ ခန့်က တီးတိန်မြို့ကို ခိုလှုံခဲ့ပါတယ်။

တီးတိန်မြို့ကနေ စစ်ရှောင်မည့် ပြည်သူများ အနေဖြင့် မည်သည့် လမ်းကြောင်း ဖြင့် မည်သည့် နေရာသို့ စစ်ရှောင်မည်ကို အခက်တွေ့နေရကြောင်း သိရှိရပါတယ်။

Most read this week

May 20, 2024
မလေးရှားနိုင်ငံမှာ တရားမ၀င် ၀င်ရောက်နေထိုင်ကြတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားများ...
May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...