တစ်သျှူးငှက်ပျောခြံနဲ့ ရွှေမှော်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား အယောက် ၁၀၀ ကျော် ဝိုင်းမော်မြို့အဝင် ခါးရှိရွာ အထွက်မှာ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသူရှိ

တစ်သျှူးငှက်ပျောခြံနဲ့ ရွှေမှော်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား အယောက် ၁၀၀ ကျော် ဝိုင်းမော်မြို့အဝင် ခါးရှိရွာ အထွက်မှာ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသူရှိ

ဝိုင်းမော်-လိုင်ဇာလမ်း၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘီဘရာရွာမှာရှိတဲ့ တစ်သျှူးငှက်ပျောခြံနဲ့ ရွှေမှော်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား အယောက် ၁၀၀ ကျော်ဟာ ဝိုင်းမော်မြို့ဘက်အလာ  ခါးရှိရွာအထွက်(ဝိုင်းမော်မြို့အဝင်ဝ) မှာ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ လုပ်သမားတွေကို ငြိမ်းချမ်းရေး၊ဆွေးနွေးရေး  အကျိုးဆောင်အဖွဲ့(PCG)ရဲ့ ညှိနှိုင်းပေးမှုနဲ့အတူ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေနဲ့ ဝါရှောင်ဆရာတော်တို့က ကယ်ထုတ်ပြီး ဒဏ်ရာရရှိသူတွေကို ဆက်လက်ကူညီသွားမယ်လို့ ဝါရှောင်ဆရာတော် အရှင်ဝိဇိယက မိန့်ပါတယ်။

"ဘယ်သူစပစ်တယ် မပစ်ဘူး မပြောလိုဘူး။ ပြည်သူတွေ မထိတာကိုပဲ လိုချင်တယ်။ ပြည်သူတွေအသက်နဲ့ ပြည်သူတွေဘဝကို မထိခိုက်ပါစေနဲ့လို့ ပြောချင်တယ်။ စစ်ရှောင်စခန်းတွေမှာလည်း အလံဖြူထောင်ထားတယ်။ အလံဖြူထောင်ထားတဲ့နေရာမှာ မပစ်ပေးပါနဲ့လို့ ပြောချင်တယ်။"  လို့ ဝါရှောင်ဆရာတော်က တောင်းဆိုပါတယ်။

အဲဒီအလုပ်သမားတွေဟာ ဘီဘရာရွာက ရာဘာခြံမှာ KIA က တစ်ပတ်လောက်ထိန်းသိမ်းထားတဲ့ အဲဒီအလုပ်သမားတွေဖြစ်ပြီး သူတို့ကို KIA က လုံခြုံတဲ့နေရာကို ပို့ပေးမယ်လို့ဆိုကာ မနေ့ညက  အောင်မြေ (၁) ကျေးအရွာအထိ လိုက်ပို့ခဲ့ပြီး ဝိုင်းမော်မြို့ဘက်ကို ဆက်သွားရာကနေ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ငှက်ပျောကား ၂ စီး၊ သုံးဘီး တစ်စီး၊ ရိုးရိုးကားတစ်စီး၊ ဟိုက်ဂျက်ကား တစ်စီးနဲ့ ဝိုင်းမော်မြို့ဘက်ကို ဆက်ဝင်လာတဲ့ အဲဒီအလုပ်သမားတွေကို မနေ့ည ၁၁ နာရီကျော်လောက်မှာ ခါးရှိကျေးရွာအနီးက (ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ် ရှိတဲ့နေရာ)အရောက်မှာ ဝိုင်းမော်မြို့ဘက်ကနေ သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့် စိုးရိမ်ရတဲ့ လူနာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိပြီး ကျန် အမျိုးသမီး၊ အမျိုးသား ၁၈ ဦးကတော့ ထိခိုက်ဒဏ်အသီးသီးရရှိခဲ့ကြတယ်လို့ သိရပြီးတော့  မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းကလည်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အလုပ်သမား ၁၀၀ ကျော်စီးနင်းလိုက်ပါလာတဲ့ ကားတွေထဲမှာ KIA စစ်သားတွေ ပါတဲ့အတွက် ဝိုင်းမော်မြို့ဘက်မှာရှိတဲ့ စစ်ကောင်စီဘက်ကနေ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ ပြောဆိုနေကြပြီး အသေးစိတ်ကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်က စုံစမ်းနေဆဲဖြစ်ပါတယ်။

May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...