KNLA မဟာမိတ်ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်က မြဝတီ/ကော့ကရိတ် နှစ်ဘက်ညှပ် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေ

KNLA မဟာမိတ်ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်က မြဝတီ/ကော့ကရိတ် နှစ်ဘက်ညှပ် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေ

မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကော့ကရိတ်-မြဝတီလမ်းသစ်၊ လမ်းဟောင်းလမ်းကြောင်းမှတဆင့် ထိုး စစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်းအား ဟန့်တားတိုက်ခိုက်နေသော ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်ဖွဲ့များအား ဒေါနတောင် အပေါ်/အောက်နှစ်ဘက်ညှပ်ပြီး တိုက်ခိုက်ချေမှုန်းသည့် စစ်ဆင်ရေးလုပ်ဆောင်ရန် စစ်ကောင်စီတပ်က ပြင်ဆင်နေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် စီမံကွပ်ကဲညွှန်ကြားသည့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီ တပ်ဖွဲ့များ ဒေါနတောင်အာရှလမ်းနှင့် ဒေါနတောင်လမ်းဟောင်းလမ်းပိုင်းတွင် စစ်ရေးရှုံးနိမ့်မှုများရှိနေရာမှာ အပစ်ရပ် ကရင် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်းပြီး စစ်ကူတပ်များကို ပို့ဆောင်ပေးမှုကြောင့် မြဝတီမြို့ဘက်သို့ စစ် ကောင်စီ စစ်ကူတပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်ခန့်ရောက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ မြဝတီမြို့ဘက်သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းများမှ ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ကြောင်း အာရှလမ်းသစ် မြဝတီ-ကော့ကရိတ်လမ်းပိုင်းအား ပြန်လည်သွားလာနိုင်ရန် မြဝတီဘက်မှ အာရှ လမ်းပိုင်းဘက်သို့ ဒေါနတောင် အပေါ်/အောက် နှစ်ဘက်ညှပ်ပြီး KNLA မဟာမိတ်ပူးပေါင်း PDF စစ် ကြောင်း များအား တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“သူတို့ စစ်တပ်တွေကို ထို့ကော်ကိုးလမ်းကနေ မြဝတီကို ကရင်အပစ်ရပ်အဖွဲ့အစည်းတွေက သယ်လာပေးလို့ မြဝတီကို အင်အား ၅၀၀ လောက် ရောက်လာနေတယ်။ ရှေ့တန်းရုံး၊ မွန်ကျောင်း၊ တံတား ၂ နဲ့ ကျောက်လုံးကြီး၊ မြေနီကုန်းဘက်တွေမှာ စစ်တပ်တွေ ရောက်နေတယ်။ အဲ့ဒီကနေ သင်္ဃန်းညီနောင် အာရှလမ်းဘက် လမ်းပြန်ဖွင့် နိုင်အာင် ကော့ကရိတ်ကတက်မယ့် စစ်ကြောင်းနဲ့ မြဝတီကနေ ဆင်းတိုက်မယ့် စစ်ကြောင်းတွေက PDF တွေ KNU တွေကို အပေါ်/အောက် ညှပ်တိုက်ဖို့ လုပ်နေတယ်လို့ ကြားထားတယ်။ ”ဟု စစ်ကောင်စီတပ် နှင့် နီးစပ် သည့် သတင်းအရင်းအမြစ်က ပြောသည်။

ယခုလို စစ်ကောင်စီတပ်က အာရှလမ်းသစ် ပြန်သွားလာနိုင်ရေး စစ်ဆင်ရေး ပုံစံပြောင်း တိုက်ခိုက်မည့် သတင်း များ ဖြစ်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ စစ်ကောင်စီတပ်နှင့် ကရင် အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များဘက်သို့ ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့် သီးခြားဆက်သွယ် အတည်ပြု နိုင်ခြင်း မရရှိသေးပါ။

သို့သော် အမည်မဖော်လိုသည့် အပစ်ရပ်ကရင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “နာမည်တပ်ပြီးတော့ မပြောချင်ဘူး ပေါ့နော်။ ဒီကိစ္စက လုံးဝမှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တနေးချား(နဘူး)ဘက်မှာ ကားတန်းတက်လာတာကို သူများ(တော်လှန်ရေးအဖွဲ့)တွေ စောင့်ပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်မယ့်အခါမှာ သူတို့ ( အပစ် ရပ်ကရင်အဖွဲ့)တွေပါတော့ သူများမလုပ်တော့တဲ့ဖြစ်စဉ်တွေရှိတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ဘက် ဒေါနတောင်ကျော်လွန်နိုင်ရန် စစ်ဆင်ရေးစစ်ကြောင်း နှစ်ကြောင်းနှင့် KNLA မဟာ မိတ်တပ်များကို တိုက်ခိုက်နေသော်လည်း စစ်တပ်မြေပြင်စစ်ကြောင်းများ အကျအဆုံးများနေသောကြောင့် ရှေ့ ဆက်တိုးပြီး တိုက်ခိုက်၍မရတော့ဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့်သာ ဗုံးကြဲပစ်ကူပေး တိုက်ခိုက် နေ ရကြောင်း သိရှိရသည်။

KNLA မဟာမိတ်ပူးပေါင်း PDF စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက “စစ်တပ်က တပ်မ ၂၂ / ၄၄/ ၅၅/၇၇ တပ်မ ၄ ခုက ထုတ်နုတ်အင်အားတွေအပြင် အခုလတ်တလော စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆာင်းခံ ရသူတွေရယ်၊ ပေါ် တာဆွဲပြီး စစ်သားအဖြစ် ရှေ့တန်းလိုက်ဖို့ အဓမ္မခေါ်ခံရသူ အများကြီးပါလာတာ တွေ့ရတယ်။ တချို့ တိုက်ပွဲမှာ သေတာ၊ အရှင်ဖမ်းမိတာ၊ လက်နက်ချတာမျိုးတွေ ရှိနေတယ်။ ရှေ့ဆက်တက်မလာနိုင်ကြဘူးဖြစ်နေတယ်။ ကင်းထောက်ပျံလိုက် လေယာဉ်လာဗုံးကြဲလိုက်၊ လက်နက်ကြီးတွေ ပစ်ထုတ်လိုက်ပဲလုပ်နေတယ် ”ဟု ပြောသည်။

အဆိုပါ အောင်ဇေယျစစ်ဆင်ရေးမှာ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ ယခု မေလ ၂၄ ရက်နေ့အထိဆိုလျှင် ရက်ပေါင်း ၄၀ ကျော်လွန် လာပြီဖြစ်သော်လည်း အာရှလမ်းသစ်နှင့် ဒေါနတောင် လမ်းဟောင်းနေရာများက စစ်တပ်လုံခြုံရေး စစ်ကတုတ်များ နှင့် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းစခန်းအပါအဝင် ခြေမြန်တပ်ရင်း ခမရ- ၃၅၅/၃၅၆/၃၅၇ တပ်ရင်းများဘက်သို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ခက်ခဲရှုံးနိမ့်နေဆဲဖြစ်ကြောင်း သိရှိရသည်။

Most read this week

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...