စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး စစ်တွေမှတ်ပုံတင်မဟုတ်သည့် လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးသွား

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး စစ်တွေမှတ်ပုံတင်မဟုတ်သည့် လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးသွား

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး စစ်တွေမှတ်ပုံတင် ၁၁/ စတန (နိုင်) မဟုတ်သူများ အားလုံးကို မေလ ၁၅ ရက်နေ့ညတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ ရွှေစေတီကျောင်း၊ ဗုဒ္ဓတက္ကသိုလ်၊ တောင်ချေရွာ ဘုန်းတော်ကြီးကျောင်း၊မြို့မ၊ဗုဒ္ဓမော်ကျောင်းများကို ယမန်နေ့ မေလ ၁၅ ရက်နေ့ ညအချိန်က ဝင်ရောက်စစ်ဆေးပြီး ၁၁/ စတန(နိုင်) မဟုတ်သည့်လူငယ်များကို စစ်ကောင်စီမှ ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ စစ်တဲ့အထဲမှာ ဘုန်းတော်ကြီးကျောင်း၊ နာမည်ကြီးတဲ့ကျောင်းတွေလည်းပါတယ်။ အဲ့ဒီကျောင်းတွေကို ညဖက် အကုန်ဝင်စစ်တာ။ ပြီးတော့ စစ်တွေမြို့ခံမဟုတ်တဲ့ သူတွေအားလုံးဆွဲခေါ်သွားတယ်။ အားလုံးခန့်မှန်းဆိုရင် အယောက်၁၀၀ကျော်လောက်ရှိတယ်။ ဘာကြောင့်ဖမ်းတာလဲ မသိပေမယ့် သူတို့က နယ်ကလူတွေကိုဆိုရင် အာရက္ခတပ်တော်က ဆိုပြီး သံသယရှိတယ်။ နောက်တစ်ခုက တောင်ချေဘုန်းကြီးကျောင်းမှာဆိုရင်နယ်ဖက်က ဆေးကုသဖို့လာတဲ့ လူနာ နှစ်ဦးပါသွားတယ် ” ဟုပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသလို  မြို့မရဲစခန်းတွင်လည်းထိန်းသိမ်းထားသည်ကို မကြားမိကြောင်း ရဲစခန်းအနီးတွင် နေထိုင်သူတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ မြို့မရဲစခန်းမှာဆိုရင် ဖမ်းဆီးခံရတဲ့သူတွေက မိသားစုတွေနဲ့ တွေ့တာတို့ပါတို့ရှိတယ်။ အခု အဲ့လို မတွေ့မိမကြားမိဘူး" ဟု ပြောသည်။

ယခု စစ်ဆေးခံရသည့် ဘုန်းတော်ကြီးကျောင်းများသည် ကုန်တန်း၊ကျောင်းတက်လမ်း၊ရွာကြီးတောင်၊ရွာကြီးမြောက်၊ ဘောက်သီးစု၊စံပြ ရပ်ကွက်တွင် ရှိကြသည့်  ဘုန်းတော်ကြီး ကျောင်းများဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စစ်တွေတွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ နေအိမ်ထဲမှ ရုတ်တရက် အဖမ်းခံရသူ၊ စက်လှေဖြင့် နယ်ဖက်ကိုသွား၍ အဖမ်းခံရသူနှင့် လမ်းသွားလမ်းလာနေသည့်အချိန်တွင် ဖမ်းဆီးခံရသူများစွာရှိခဲ့သည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အမျိုသား ၄၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး နှင့် မွတ်ဆလင်များ ပါဝင်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...