လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ခလရ ၂၆၁ တပ်သားတွေ စစ်ကြောင်းထိုးနေ

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ခလရ ၂၆၁ တပ်သားတွေ စစ်ကြောင်းထိုးနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ  ၂၆၁ ) တပ်ရင်း က လက်ကျန်တပ်သားတွေဟာ မနေ့က မေလ ၁၄ ရက်နေ့ ညပိုင်းမှာ ရေကန်ကျေးရွာအနီးဖက်ကို စစ်ကြောင်းထိုးပြီး တပ်ပြင်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

“ အခု ၂၆၁ ရဲ့ အနောက်ဖက်မှာ ရှိတဲ့ ရေကန်ရွာဖက်ကို ထိုးလာတယ်။ အမြောက်ကား ၂ စီး ပါတယ်။ အင်အားကတော့ ၆၀ ကနေ ၁၀၀ ကြားမှာ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒု-စစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကစပြီး တပ်ပြင်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်လာနေပြီး လက်ရှိမှာတော့ ရေကန်ကျေးရွာအနီးဖက်ကို အမြောက်ကား ၂ စီးနဲ့အတူ အင်အား ၆၀ ကနေ ၁၀၀ ကြားရှိတဲ့ စစ်ကြောင်းအဖြစ် ထိုးလာနေတယ်လို့ ဒု-စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

 ဒါကြောင့် အနီးအနားပတ်ဝန်းကျင်မှာ နေထိုင်နေကြတဲ့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေအနေနဲ့ သတိထားနေထိုင်ကြဖို့ ဒု-စစ်ဦးစီးချုပ် မာဝီက အသိပေးထားပါတယ်။

“ဒေသခံတချို့ကတော့ အဲ့ဒီမှာနေတဲ့လူတွေရှိတယ်။ တောင်ယာခင်းတွေထဲမှာ နေတဲ့လူတွေ ရှိတယ်ဆိုတော့ စစ်ကောင်စီ စစ်ကြောင်းထွက်လာပြီဆိုကတည်းကိုက ကောင်းတဲ့အရာရှိမှာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့ နေ့နေ့ညည နည်းနည်း နိုးနိုးကြားကြားနေကြဖို့ သေနတ်သံ၊ အမြောက်သံတွေ နားထောင်ဖို့ လေယာဉ်သံတွေ သေချာလေး ဂရုစိုက်ဖို့ရန်အတွက်ကို ကျနော်တို့ကတော့ သတိပေးလိုပါတယ်ဗျ။ ဒါမှသာလျှင် မလိုလားတဲ့ ထိခိုက်မှုတွေ လျော့ချနိုင်မှာ ဖြစ်ပါတယ်။” လို့ ဒု-စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

သတင်းအရ ရှမ်း-ကရင်နီနယ်စပ်ကနေ လွိုင်ကော်မြို့ဖက်ကို လာဖို့ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေကို ထွက်ကြိုတာဖြစ်ကြောင်း ကြားသိရပြီး တော်လှန်ရေးတပ်တွေဖက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြောင်း ဒု-စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။

၁၁၁၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးတဲ့နောက်ပိုင်း တော်လှန်ရေးတပ်တွေကနေ ထိန်းချုပ်နေရာတွေ ရရှိထားပြီး စစ်ကောင်စီတပ်က သူတို့ နေရာတွေကနေ တပ်စခန်းရဲ့ ပြင်ပမှာ လှုပ်ရှားမှုတွေ မရှိတော့တာပါ။

လက်ရှိမှာတော့ သူတို့( စစ်ကောင်စီတပ်) က ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် တပ်ပြင်ပလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်လာနေတာကို တွေ့ရတယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“၂၆၁ တပ်ရင်းထဲက လက်ကျန်အင်အားဖြင့် အပြင်ထွက်လှုပ်ရှားတာ ဖြစ်ပါတယ်။ လွိုင်ကော်၊ စက်မှုဇုံ၊ နာနတ်တော‌ နေရာကို ပြန်ရဖို့ ဖြစ်တယ်။” လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့တွင်းမှာ ဒရုန်းတွေကို အသုံးပြုပြီး အဆိပ်သင့်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စက်မှုဇုန်အနီးမှာ နေထိုင်တဲ့ ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ကန္တာရဝတီတိုင်း(မ်) က စုံစမ်း သိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့တွင်းမှာ တပ်စွဲထားတဲ့နေရာကနေ အပြင်ကို ထွက်တာတွေသိပ်မရှိပဲ ထွက်လာရင်လည်း အရပ်ဝတ်တွေနဲ့ လူထုကြားသွားလာတာတွေ ပြုလုပ်လေ့ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက မေလ ပထမအပတ်မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပြခဲ့ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...