ရိုးရာပွဲ မီးလုံးအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

ရိုးရာပွဲ မီးလုံးအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲအတွက် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး နေအိမ်လည်း မီးလောင်းပြကျသွားခဲ့ရကြောင်း သိရသည်။

ယမန်နေ့ (မေ လ ၁၃) ရက် ညနေ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၃ဆင့်ဖြစ်ပေါ်ကာ မီးသတ် တပ်ဖွဲ့မှအချိန်မှီ မီးထိန်းချုပ်နိုင်သောကြောင့် အခြားအိမ်များမီးစွဲသွားခြင်းမရှိကြောင်း သိရသည်။

“နှစ်ဦးက ဒဏ်ရာပြင်းထန်စွာရတယ်။ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်သွားကြတယ်။ပေါက်ကွဲသံကြားရတော့ လန့်တောင်လန့်သွားတယ်။ပေါက်ကွဲသံက အကျယ်ကြီးဘဲ”ဟု မီးလောင်မှု ဖြစ်စဥ်ကို သိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဒဏ်ရာရသူများသည် ဦးအောင်မြင့် ၊ ဦးဝင်းဦးနှင့် မောင်လွင်ဦး တို့ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့်အောင်ပန်းဆေးရုံမှ တောင်ကြီးမြို့ စပ်စံထွန်း ဆေးရုံသို့ လွဲပြောင်း ကုသရကြောင်း သိရသည်။

မီးပုံးပျံ၊မီးရှုးမီးပန်းနှင့် မီးလုံးပြုလုပ်ခြင်းသည် တောင်ပေါ် ရိုးရာအရပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...