ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျုံအိတ်တံတားကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားတစ် ခြမ်းအပြင် အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။

ကျုံအိတ်တံတား မိုင်းခွဲခံရမှုအပေါ် အဲဒီနေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်ကနေ အဝန်းကြီးကျေးရွာနဲ့ ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မ နည်း ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၁ နှစ်အရွယ် လင်မယားနှစ်ဦးဖြစ်တဲ့ စောဇော်မင်းထွန်းနဲ့ နော်မြတ်သိန်းအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါ အဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ရွှေရောင်ပြကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ညတိုင်းနီးပါး အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီဘက်က ယာယီဘေလီတံတား အမြန်ဆုံးတည်ဆောက်သွားဖို့ စီစဉ်ထားပြီး မေ ၁၂ ရက်နေ့ကလည်း ပြိုကျပျက်စီးသွားတဲ့ အဲဒီတံတားကို စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က လာရောက်စစ်ဆေးခဲ့ပါသေးတယ်။

ကျုံအိတ်တံတားကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့ကလည်း KNLA ပူးပေါင်းအဖွဲ့တွေ မိုင်းခွဲခဲ့တဲ့အ တွက် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့သလို တံတားလာစစ်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ တိုက် ခိုက်ခံရတာကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး သထုံတပ်နယ်မှူးနဲ့ အရာရှိအကြီးပိုင်းတွေအပါအ ဝင် ဌာနဆိုင်ရာဝန်ထမ်း ၃၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...