မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတား စုပေါင်းဂိတ်တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိကြီးတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတား စုပေါင်းဂိတ်တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိကြီးတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားရှိ စုပေါင်းစစ်ဆေးရေးဂိတ်ကို  KIA ပူးပေါင်းတပ်ဖွဲ့များက မေလ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖြစ်တာတော့  ၂ နာရီ ၂၀ မိနစ်လောက်ဖြစ်တာ။ ဗလမင်းထင်တံတားစုပေါင်းဂိတ် ဝိုင်းမော်ဖက်ခြမ်း စုပေါင်းဂိတ်ကို ဟိုဘက်လာပြစ်တာ အဝေးကပစ်တာလား၊  အနီးကပစ်တာလားဘယ်သူမှ မသိနိုင်ဘူး။ နောက်ပြီးမီးခိုးလုံးတွေထွက်လာမှ  အဲမှာ စခန်းပဲလောင်သွားနတာလား ဘာလား ဘယ်သူမှ ထွက်မကြည့်ဘူး။ နားလိုက်ပစ်လိုက် ပစ်နေတာ နောက်မှ လက်နက်ကြီးတွေနဲ့လှမ်းထုတာ နောက်ပိုင်းအသံတော့ငြိမ်သွား တယ်။” လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

စုပေါင်းဂိတ်တိုက်ခိုက်ခံရမှုကြောင့် ရဲမှူးတစ်ဦးသေဆုံးပြီး  ရဲတပ်သား ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ တိုက်ပွဲအနီးနေထိုင်သူ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

“ထိတာတော့ အားလုံးသုံးယောက်ထိတယ်လို့ပြောတယ်။ ရဲမှုးတစ်ယောက်ကတော့ သေတာပေါ့လေ။ လေးလေးတို့သွားမယ်ဆိုရင်လဲ အစောပိုင်းက ဘယ်သူကိုမှမကပ်ခိုင်းဘူး အပြင်က သတင်းပဲကြားရတယ်။ တံတားကို ညနေပိုင်း ၆ နာရီ မှာပြန်လွတ်တယ်” လို့ ဗလမင်းထင်တံတားအနီးနေထိုင်သူ တစ်ဦးကပြောပါတယ်။

စုပေါင်းစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ရဲတပ်သားတွေ သေဆုံးသလို ကင်းတဲတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထို တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရသေးသလို သေဆုံးသွားတဲ့ အရာရှိအမည်တွေကို မသိရှိရသေးပါဘူး။

ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့မှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုတစ်ကြိမ်ရှိခဲ့သလို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာလည်း တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...