ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်စီး၊ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိ

ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်စီး၊ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်ဆီးခဲ့ကြောင်း ထန်တလန်မြို့နယ် စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ပြီး မီုးသီးများပါ အများအပြားကြွေကျသောကြောင့် လူနေအိမ်ရာနှင့်ချီ ပျက်စီးခဲ့သည့်အပြင် အသက် ၆၇ အရွယ် အဘွားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့ညက မိုးရွာတယ်၊ လေပြင်းတိုက်တယ်၊ ပြီးတော့ မိုးသီးလဲကျတယ်လေ၊ နေအိမ်တော်ပျက်စီးတယ်၊ တချို့က အမိုးလန်ပျက်စီးတာပေါ့ တချို့ စစ်ရှောင်စခန်းတွေဆို မိုးကာတွေနဲ့နေတာဆိုတော့ ပေါက်ပြဲကုန်တာပေါ့နော်၊ ပြီးတော့ အဘွားတစ်ယောက် မိုးသီးကျလို့ ထိခိုက်ထားတယ်၊ ဘယ်လိုဒါဏ်ရာမျိုးရတယ်ဆိုတာ‌တော့ သေချာမသိရသေးဘူး၊ ဒါပေမဲ့သိပ်တော့မစိုးရိမ်ရဘူး ဆေးရုံတော့ သွားပြရတဲ့အခြေအနေပေါ့နော်” ဟု ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ထန်တလန်မြို့နယ် Zahnak တောင်ကြောရှိ Bungkhua တွင် စစ်ရှောင် နေအိမ် ၁၄၆ လုံး၊ Thangzang A, B တွင် ၇၀ ကျော်၊ Sihhmuh တွင် ၃၅ လုံး၊ Fungkah တွင် ၃၁ လုံး၊ Lungler တွင် ၈၀ ကျော်၊ Ralpel တွင် ၁၀ လုံး ၊ Ruakhua တွင် ၅၂ လုံးနှင့် Ruabuk တွင် ၁၈ လုံး စသည်ဖြင့် အမိုးလန်ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့အပြင် ထန်တလန်မြို့နယ် Vailam တောင်ကြောရှိ Hmunlipi တွင် နေအိမ် ၂၀ ကျော်၊ Bungtlang ရွာသစ်တွင် ၇ လုံး နှင့် Thau ရွာသစ်တွင် ၁၀ လုံးနှင့် Vanzang ရွာတွင် နေအိမ် ၃၀ ခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

အပျက်အစီးစာရင်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ယခုထက်လည်း များနိုင်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့အတွက် အကူအညီများလိုအပ်နေကြောင်း သိရပြီး ပျက်စီးသွားသော နေအိမ်များကို စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်နေကြကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ထန်တလန်မြို့နယ်အတွင်း မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှု၊ မိုးသီး အများအပြားကြွေကျမှုများ ဖြစ်ပွားခဲ့သည်။

September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...