ဘီးလင်းမြို့နယ်အတွင်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ဘီးလင်းမြို့နယ်အတွင်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ၊ ဘီးလင်း - ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း ယနေ့မေလ ၆ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ် ၊နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာအနီးရှိ ကညင်ပင်ကွင်းတံတားသည် ပေ ၈၀ ခန့်ရှိပြီး လက်ရှိဖောက်ခွဲခံထားရခြင်းကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။

“ ဒီမနက်မှာပဲ ဖောက်ခွဲအသံ အကျယ်ကြီးကြားရတယ် ဘာအသံလည်းပေါ့ သွားကြည့်တော့မှာပဲ တံတား ဖာက်ခွဲခံရတာသိရတယ် ဘယ်သူတွေ ဖာက်ခွဲလိုက်တာတော့ တိတိကျကျမသိဘူး” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဘီးလင်း - ဖာပွန်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ ဖောက်ခွဲထားသည်ကို ယနေ့မေလ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။

မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံး ပြိုကျခဲ့ပြီး လမ်းပန်ဆက်သွယ်ရေး ပြတ်တောက်ကာ လက်ရှိ အိမ်စီးကားသေးများ ရွာချင်းဆက်လမ်းများမှတဆင့် သွားလာနေကြရကြောင်း ဒသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း - ဖာပွန်လားလမ်းပေါ်ရှိ တံတားအရှည်ပေ ၁၂၀ ရှိသည့် သံကူကွန်ကရစ်တံတား ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်နေ့တွင်လည်း သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ အရှည်ပေ ၁၅ ပေရှိသည့် တံတားတစ်စင်းဖောက်ခွဲခံရပြီး  တံတားလက်ရမ်းနှင့် ကုန်တင်ကားတစ်စီး ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

Most read this week

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...