သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး

သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး

သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီးအကြိမ် ၁၀၀ ထပ်မနည်းပစ်ခတ်ပြီး စစ်ဘေးရှောင် တစ်ထောင်ကျော် တိုးလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီမှ ၁ ပတ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုအကြိမ် ၁၀၀ ထပ်မနည်းပြုလုပ်ခဲ့ပြီး ၊ ၃ လ ကျော်အတွင်း လက်နက်ကြီး ပစ်ခတ်မှု  ၃၁၇၈ ကြိမ်နှင့် အထက်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ထုတ်ပြန် ထားသည်။

ထို့ပြင် ယခု တစ်ပတ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁ ထောင်ခန့် တိုးလာပြီး၊ ၃ လကျော်တွင်း စစ်‌ဘေးရှောင် စုစုပေါင်း ၇၂၀၀၀ ကျော် အထိရှိလာကြောင်း PYO ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ ထပ်တိုးလာတဲ့ ၁၀၀၀ ခန့်က ဆီဆိုင်မြို့ရဲ့တောင်ဘက်ခြမ်းလို့ပြောလို့ရတာပေါ့။ လက်နက်ကြီး ပစ်ခတ်မှု ၁၀၀ ကျော်က ဆီဆိုင်နဲ့ ပင်လောင်းပေါ့။ဒီတပတ်အတွင်းကတော့ ထိခိုက်ဒဏ်ရာရရှိတာက ၄ ဦးရှိတယ် ၂ ဦးကတော့ အမျိုးသား၊ ၁ ဦးက အမျိုးသမီး၊ ၁ ဦးက ကလေးငယ်ပေါ့။လက်နက်ကြီးထိတာပေါ့။”ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစစ်ဘေးရှောင်များသည် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေး ခိုလှုံနေရပြီး တောထဲနှင့် ဂူများတွင်ထွက်ပြေးတိမ်းရှောင်နေကြရကာ အကူအညီရရန်အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၏ တောင်ဘက်တွင် စစ်ကောင်စီမှ အင်အားများ ဖြည့်တင်းနေကာ မြေပြင်တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး မြို့၏ မြောက်ဘက်တွင်လည်း တိုက်ပွဲများ ငြိမ်သက်နေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၅၇၀ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၂၅ လုံး၊ စာသင်ကျောင်း ၁၃ လုံး၊လမ်းတံတား ၄ စင်း၊ ဆေးရုံ/ဆေးခန်း ၄ လုံးနှင့် ဈေး ၁ ခု ပျက်စီးသွားခဲ့ပြီး စုစုပေါင်း ထိခိုက်ပျက်စီးမှု ၆၁၇ ထိရှိနေကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပစ်ဆို့ဟန်းတား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most read this week

August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...
August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...