ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ ပြန်လည်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး ပြည်သူများကိုလည်း နေရပ်ပြန်ရန် ခေါ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို စစ်ကောင်စီနှင့် PNO ပြည်သူစစ်တို့က   စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ တဆင့်ပြန်ခေါ်ခိုင်းနေပြီး၊ ဈေးများကိုလည်း ပြန်လည်း ပြုပြင်နေကြောင်း ဆီဆိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ၄ လပိုင်း၂၂ရက်နေ့က ဒေသဦးစီးအဖွဲ့ အစည်းအဝေးလုပ်တယ် လို့သိရပါတယ်။ အဲအစည်းအဝေးမှာ ရပ်ကွက်အုပ်မှူး တွေတက်ရပါတယ်။ ပြည်သူတွေပြန်ခေါ်ဖို့ညွှန်ကြားတယ်လို့လဲသိရတယ်။ မြို့ကပြည်သူ တွေအားလုံးကတော့ ကိုယ့်အိမ်ကိုပြန်ချင် ကြပါတယ်။ မီးလောင်သွားတဲ့ အိမ်တွေကမိသားစုတွေ ပြန်လာရင်ယာယီနေဖို့ စီစဥ်ပေးထားတာမရှိဘူး”ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦက ပြောသည်။

ဆီဆိုင်မြို့ကို နေရပ်ပြန်ရန် အခက်အခဲများစွာရှိနေပြီး၊ဆီဆိုင် မြို့မဈေးကိုလည်း စစ်ကောင်စီက ပြန်လည်ပြု ပြင်နေကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက  ဆက်ပြောသည်။

“ ဒါပေမဲ့ လိုအပ်ချက်တွေအများကြီးရှိနေတယ် လျှပ်စစ်မီးတွေမရှိဘူး။ ရေတွေ၊စက်သုံးဆီတွေ၊ရိက္ခာအတွက် ဝယ်ယူဖို့နေရာမရှိဘူး။ကျန်းမာရေးအတွက်တစ်ခုခု ဖြစ်ခဲ့ရင်ကုသဖို့နေရာမရှိဘူ။ဈေးတွေကိုလည်း အခုအပျက်အစီးတွေကိုဘက်ဟိုးနဲ့ထိုးနေပါတယ်”ဟု ဆီဆိုင်မြို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့တွင်းတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီ ဘေးပတ်ဝန်းကျန်ရှိ ကျေးရွာများကို နေ့စဥ်ဆိုသလို လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နယ်ရှိ ထမ်းယံရွာ နှင့် ပန်းအွန်းကျေးရွာရှိ ဒေသခံလူထုများကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်အဖွဲ့များက တောင်ယာသွားခြင်း နှင့် ရွာအပြင်ထွက်ခွင့် မပေးကြောင်း ဓားစာခံကဲ့သို့ ပိတ်ပင်တားဆီးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း ဆီဆိုင်မြို့နယ် နမ့်တောင်း ကျေးရွာအနီးရှိ တောင်ယာထဲသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးကို အပါအဝင် မိသားစု ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...