မြစ်ကြီးနားကနေ ပူတာအိုမြို့ကို လေယာဉ်အသုံးပြုပြီး စက်သုံးဆီတွေ သယ်ပို့နေ

မြစ်ကြီးနားကနေ ပူတာအိုမြို့ကို လေယာဉ်အသုံးပြုပြီး စက်သုံးဆီတွေ သယ်ပို့နေ

ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက် စစ်ကောင်စီဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ လေယာဉ်တွေအသုံးပြုပြီး မြစ်ကြီးနားကနေ ပူတာအိုမြို့ကို စက်သုံးဆီတွေ သယ်ပို့နေပြီလို့ သိရပါတယ်။

မနေ့ မေလ ၁ ရက်နေ့ကနေ စစ်ကောင်စီရဲ့ Y8 အမျိုးအစားလေယာဉ်တွေနဲ့ စတင်သယ်ပို့နေတာဖြစ်ပြီး ပူတာအိုလေယာဉ်ကွင်းကနေတဆင့် ပူတာအိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ရုံးကို သယ်ယူပြီး ပြေစာပြနိုင်တဲ့ တောင်သူတွေကို ခွဲဝေပေးသွားမှာဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

"လယ်ပြေစာပြပြီး သွားထုတ်လို့ရတယ်တဲ့။ အုပ်ချုပ်ရေးရုံးက ခရိုင်အုပ်ချုပ်ရေးရုံးပေါ့နော်။ အဲဒီမှာ လယ်ပြေစာကိုင်ပြီး သွားရမယ်တဲ့။ လယ်ဧကဘယ်လောက် ဘယ်လောက်ရှိတယ်။ ဘယ်လောက်ဆို ဓာတ်ဆီဘယ်လောက်ပေါ့နော်။ ပြေစာမရှိတဲ့သူကတော့ မရတော့ဘူးပေါ့။" လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စက်သုံးဆီတွေကို လေယာဉ်နဲ့သယ်ယူနေတုန်းဖြစ်လို့ သွားထုတ်လို့မရသေးကြောင်းနဲ့ ဘယ်လိုပုံစံနဲ့ ခွဲဝေပေးသွားမလဲဆိုတာလည်း တိတိကျကျမသိရသေးဘူးလို့ ဒေသခံက ဆက်လက်ပြောပါတယ်။

စက်သုံးဆီတွေကို လေယာဉ်နဲ့သယ်ယူပြီး တောင်သူတွေကိုခွဲဝေပေးသွားမယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ ပူတာအိုကဒေသခံ ပြည်သူလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာလို့ သိရပါတယ်။

မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းပိတ်ထားတာ ၂ လနီးပါး ရှိလာပြီဖြစ်ပြီး ပူတာအိုမြို့မှာ စက်သုံးဆီတွေသာမက တခြားကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေလည်း ပြတ်လပ်နေပြီးတော့ ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...