မြဝတီတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေ

မြဝတီတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေ

ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံ မဲဆောက်ရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးနဲ့ ပြည်သူလူထုတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြဝတီမြို့ အမှတ် ၂ တံတားတိုက်ပွဲမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုအနည်း ငယ်ရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှု အများအပြား ရှိနေတယ်လို့ ပဒိုစောက လယ်စေးက ပြောပါတယ်။

ပဒိုစောကလယ်စေးရဲ့ပြောပြချက်အရ မြဝတီတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ မဲဆောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးကလည်း မြဝတီတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ဆေးကုသပေးနေကြောင်းနဲ့ သူတို့တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတော့ ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။

အမှတ် ၂ တံတားမှာ ဧပြီ ၂၁ ရက် နေ့လည်ပိုင်းကစပြီး နှစ်ဖက်ပစ်ခတ်သံတွေ မကြားရတော့ဘဲ လက်ရှိမှာတော့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေတဲ့ ဒေသခံတွေ နေရပ်ပြန်လာကြပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးကတော့ ပြည်သူလူထုအန္တရာယ်ကင်းဖို့အတွက် တိုက်ပွဲယာယီရပ်ထားပြီး နောက်နည်းနည်း ပြန်ဆုတ်လိုက်တဲ့အနေအထား ရှိတယ်လို့ ဧပြီ ၂၂ ရက်နေ့မှာ ပြောကြားထားပါတယ်။

September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...