မကွေးမှာလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်နေ

မကွေးမှာလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်နေ

မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပွင့်ဖြူနဲ့ မြို့သစ်မြို့က လူငယ်တွေကို PDF ထောက်ပို့ဆိုပြီး အကြောင်းပြဖမ်းဆီးကာ အတင်းအကြပ်စစ်မှုထမ်းခိုင်နေတာပါ။

ပွင့်ဖြူမြို့နယ်အရှေ့ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခိုင်းနေတာဖြစ်တယ်လို့ သိရပြီး ၅ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လူငယ်တွေကို PDF ထောက်ပို့ဆိုပြီးဖမ်းတယ်။ ငွေတက်နိုင်တဲ့သူတွေမဟုတ်လို့ အကုန်လုံးက စ်စမှုထမ်းဖို့ပါသွားရတယ်။ တော်တော်ဆိုးနေပြီ”လို့သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် မြို့သစ်မြို့နယ် အင်းရွာကြီးအုပ်စုမှာလည်း လူငယ် ၁၇ ဦးနဲ့ မကြီးကုန်းကြီးကျေးရွာ က လူငယ် ၂ ဦးလည်းစစ်မှုထမ်းဖို့ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ခံထားရတယ်လို့ သိရပါ တယ်။

မကွေးတိုင်းအတွင်းမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လှုံ့ဆော်သူတွေကို တော်လှန်ရေးတပ်တွေက အပြစ်ပေးအရေးယူတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။

မင်းဘူးခရိုင်အတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ စစ်မှုထမ်းဖို့ ဆော်ဩသူတွေကို စစ်ကောင်စီထောက်တိုင်အဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အသိပေးထား ပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းဖို့ ပြောဆိုသူတွေနဲ့ အုပ်ချုပ်ရေးမှူး ၂၀ ကျော်ဟာ မတ်နဲ့ ဧပြီလ အတွင်းမှာ ရှင်းလင်းခံထားရတဲ့အတွက် စလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေလည်း နုတ်ထွက်တာတွေရှိတယ်လို့ သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...