ကျိုက်ထိုမြို့နယ်တွင် ဧပြီလအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူ ၄ ဦး ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်တွင် ဧပြီလအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူ ၄ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နီးစပ်သူ ၄ ဦးပစ်သတ်ခံရသည်ဟု ဒေသခံတို့၏ ပြောပြချက် အရသိရသည်။

အဆိုပါ ပစ်သတ်ခံရသူတို့သည် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဂိတ်ကြေး ကောက်နေသည့် ပြည်သူ့စစ် ခေါင်းဆောင်နှင့် စစ်ကောင်စီထောက်တိုင်တို့အပြင် စစ်မှူးထမ်းကိစ္စဆိုင်ရာတို့ကို အတင်းအကြပ် ဆောင်ရွက် နေသူတို့ပါဝင်သည်ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။

“ဒီလထဲမှ သုံးလေးယောက်လောက်ရှိနေပြီး မနေ့ကဆိုကော့ထင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတယ်။ သူတို့ ဆိုင်ကယ်ပါ ယူသွားကြတယ်။သူက အုပ်ချုပ်ရေးမှူးဖြစ်နေတာက အလွန်ဆုံး ၅လ လောက်ပဲ။ အုပ်ချုပ်ရေးမှူးအသတ်ခံ နေရလည်း ဝင်လုပ်ချင်သူတွေက တန်းစီနေတာပဲ ”ဟု ဆိုသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူ ဦးဝင်းအောင်ဆိုသူသည် ကော့ထင်းရွာလမ်းမ ငပိဂိုဒေါင်အနီးတွင် အမည်မသိသေနတ်သမားတို့မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ ထံမှသိရသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူတို့အနေဖြင့် စစ်မှူးထမ်းဆောင်ရန် စာရင်းကောက်ခံရာတွင် ယခင်ကဲ့သို့ထင်ထင်ပေါ်ပေါ်လုပ်ဆောင်ခြင်း မရှိတော့ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။

Most read this week

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...