အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်ခြင်းကြောင့် ရေးဒေသခံတို့၏ နေ့စဉ်ဘဝလုံခြုံမှုဆိုးရွားလာ

အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်ခြင်းကြောင့် ရေးဒေသခံတို့၏ နေ့စဉ်ဘဝလုံခြုံမှုဆိုးရွားလာ

မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ကာလတစ်လျှောက် ယခု ၂၀၂၄ ခုနှစ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားတို့ သိသိသာသာ ရပ်တန့်လာခဲ့သည်ဟု ရေးဒေသခံတို့ထံမှ သိရသည်။

လက်ရှိရေးမြို့နယ်အတွင်း ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှလွဲ၍ကျန်ရှိသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာတို့ မလည်ပတ်နိုင်ခြင်းကြောင့် ခိုးဆိုးလုယက်ရန်တို့ သိသိသာသာ များလာသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

“ နေ့ခင်းပိုင်းမှာတောင် ရွာထဲ လူနေအိမ်ခေါင်းမိုး သွတ်ပြာကို ခိုးတဲ့အထိပါလုပ်ရဲလာကြတယ်၊ မြို့လယ်ခေါင်မှာဆိုလည်း လုယက်မှု၊ လူသတ်မှု အများပြာ မဖော်ပြနိုင်တဲ့ကိစ္စတွေ၊ အမျိုးအမျိုးလုယက်ခြိမ်းခြောက်တာပေါ့နော် ပြည်သူတွေ လူမူဘဝ မလုံခြုံမှုတွေက ဆိုးဆိုးဝါးဝါး ဖြစ်လာတယ် ” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

လက်ရှိ ရေးမြို့နယ်တွင် မှုခင်းဆိုင်ရာကိစ္စတို့ကို ကိုင်တွယ်ဖြေရှင်းရန် ရေးမြို့မ ရဲစခန်းတစ်ခုသာ ကျန်ရှိနေပြီး လမိုင်းရဲစခန်း၊နှစ်ကရင်ရဲစခန်း ၊ခေါ်ဇာရဲစခန်း၊အစင်စံပြရဲစခန်းတို့ မကြာခဏ တိုက်ခိုက်ခံနေရခြင်းကြောင့် ပိတ်သိမ်းထားရကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်ထားသည့် ရေးမြို့ပေါ်ရဲစခန်းသည် ဒုစရိုက် မှုခင်းများနှင့် ပတ်သက်၍ ရဲစခန်းမှ ကွင်းဆင်းဖော်ထုတ်နိုင်ရန် အချိန်ကြန့်ကြာမှုရှိနေခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးအဆင့်တွင်သာ ဖြေရှင်းဆောင်ရွက်နေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

“တချို့ကိစ္စတွေဆိုလည်း ရဲတိုင်တာတို့ မလုပ်ဘဲနဲ့ ဒီအတိုင်းပဲ ကျအေးလိုက်ကြတယ် ရဲစခန်းသွားလည်း အဆင်မပြေကြဘူး တရားရုံးသွားလည်း အဆင်မပြေဘူး ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးသွားလည်း အဆင်မပြေနေတဲ့ အတွက် အချို့က နစ်နာသူတွေကလည်း နစ်နာပေမဲ့လည်း ဒီအတိုင်းပဲ ကြိတ်မှိတ်ပြီး နေနေရတဲ့ ဖြစ်စဉ်တွေ ရှိတယ်ပေါ့" ဟု စစ်တပ်နှင့်နီးစပ်သူက ဆက်ပြောသည်။

တော်လှန်ရေးအင်အားကောင်းသည့် ရေးမြို့နယ်တွင် အုပ်ချုပ်ရေးရုံးနှင့် ဝင်ရောက်တိုက်ခိုက်ခံနေရသည့်အပြင် စစ်ကောင်စီဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှုးတို့ ပစ်သတ်ခံနေရခြင်းကြောင့် ပြန်လည်အစာမထိုးနိုင်သည့်အပြင် တာဝန်ထမ်းဆောင်လိုသူတို့မရှိကြောင်း သိရသည်။

ယခုကဲ့သို့ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်သည့် ဒေသတို့တွင် အမျိုးသမီးနှင့် ကလေးသူငယ်တို့၏ နေစဉ်လုံခြုံမှုဘဝ ပိုမိုဆိုးရွားလာနိုင်သည်ဟု ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတို့ သုံးသပ်လျှက်ရှိသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...