ကျိုက်မရောထောင်မှာ သောက်သုံးရေ မလုံလောက်လို့ အစုံလိုက်အပြုံလိုက် ရောဂါဖြစ်ပွားနေ

ကျိုက်မရောထောင်မှာ သောက်သုံးရေ မလုံလောက်လို့ အစုံလိုက်အပြုံလိုက် ရောဂါဖြစ်ပွားနေ

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ သောက်သုံးရေ လုံလောက်အောင်မပေးတာကြောင့် အကျဉ်းသူအကျဉ်းသားတွေမှာ အစုအလိုက်အပြုံအလိုက် ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အပူချိန်ပြင်းထန်နေချိန်မှာ ထောင်အာဏာပိုင်တွေ အကြောင်းအမျိုးမျိုးပြကာ ချိုးရေအပါအဝင် သောက်သုံးရေတွေကို အပြည့်အဝမပေးတော့ဘဲ ရေတွေကို လျော့ချပေးနေတယ်လို့ သိရပါတယ်။

အခုလို သောက်သုံးရေတွေကို လျော့ချပေးနေတာ၊ ပေးနေတဲ့ ရေတွေကလည်း သန့်ရှင်းမှုမရှိဘဲ အနည်အနှစ်တွေ ပါဝင်နေတာကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသူအကျဉ်းသားတွေဟာ ရေမလုံလောက်တာနဲ့ မသန့်ရှင်းမှုကြောင့် ရောဂါဖြစ်ပွားမှုတွေ ရှိလာခဲ့တာပါ။

အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက သောက်သုံးရေ အပြည့်အဝမရတဲ့အတွက် အကျဉ်းထောင်အ တွင်းရှိ အကျဉ်းသူအကျဉ်းသားအားလုံးနီးပါးမှာ အရေပြားယားနာတာ၊ အပူစေ့ထွက်တာနဲ့ အပူနာ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

 “လောလောဆယ်တော့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေအားလုံးရဲ့ ပြဿနာက ရေပြဿနာပဲ။ ချိုးရေရော၊ သောက်ရေရော ပြီးတော့ အရေပြားယားနာပြဿနာတွေ ဖြစ်နေတယ်။ ရေခြောက်ပေါက်တယ်၊ ဝဲခြောက်တွေ ပေါက်တဲ့သူက လူဦးရေများတယ်။ ပြီးတော့ အပူစေ့တွေပေါ့။ ပူပြင်းတာအရမ်းကြီးတော့ အပူစေ့တွေ တအားထွက်တယ်။ အပူနာတွေပေါ့နော်။ အခန်းတိုင်း၊ အဆောင်တိုင်းလိုဖြစ်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အပူချိန်ပြင်းထန်မှုနဲ့အတူ သောက်သုံးရေ မလုံလောက်တာကြောင့် အကျဉ်းသူအကျဉ်း သားတွေမှာ အပူရှပ်ပြီး ဖျားနာတာ၊ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေရတဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေပါ ဖြစ်ပွားနေပေမယ့် ထောင်အာဏာပိုင်တွေဘက်က လုံလောက်တဲ့ ဆေး ဝါးထောက်ပံ့တာနဲ့ကုသပေးတာ မရှိဘူးလို့ သိရပါတယ်။

အကျဉ်းသူအကျဉ်းသားတွေက သန့်ရှင်းတဲ့ရေတွေကို အပြည့်အဝပေးဖို့ တောင်းဆိုနေပေမယ့် ထောင်အာဏာပိုင်တွေက ဆောင်ရွက်ပေးတာမရှိသလို ငွေကြေးတတ်နိုင်တဲ့ အကျဉ်းသူအကျဉ်း သားတွေကိုတော့ ထောင်ရဲ့ သက်သာဆိုင်တွေမှာ ရေသန့်ဝယ်ယူသောက်သုံးခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလို ရောဂါ ဖြစ်ပွားနေတဲ့ အကျဉ်းသူအကျဉ်းသားတွေကိုတော့ ထောင်အာဏာပိုင်တွေက ဆေး ကုသခွင့် အပြည့်အဝမပေးသလို မိသားစုဝင်တွေက ကျန်းမာရေးအတွက် ဆေးဝါးပို့ဆောင်ပါကလည်း ငွေကြေးပေးဆောင်မှသာ ထောင်အတွင်း သွင်းခွင့်ပြုတယ်လို့ အကျဉ်းကျခံနေသူတွေရဲ့ မိ သားစုဝင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေအပါအ ဝင် ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသားပေါင်း ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ဓာတ်ပုံ-Myanmar Now

Most read this week

May 3, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့...
May 1, 2024
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု...
April 29, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက်...
April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...