စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် ကာကွယ်ရေးအသုံးစားရိတ်ကို စစ်ကောင်စီချမပြသေး

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် ကာကွယ်ရေးအသုံးစားရိတ်ကို စစ်ကောင်စီချမပြသေး

စစ်ကောင်စီဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းလိုက်ပေမဲ့ နောက်ဆက်တွဲဇယားတွေကို အခုအချိန်အထိ မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ဥပဒေပြဌာန်းလိုက်တဲ့အကြောင်းပဲ ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ငွေပမာဏကို အခုအချိန်ထိ မထုတ်ပြန်သေးတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာတော့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်တည်ငြိမ်‌အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အထောက်အကူပြုတဲ့ အသုံးစရိတ်တွေအဖြစ် ဦးစားပေးသုံးစွဲကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

အဲဒီနောက် အခုအချိန်အထိ ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် အရအသုံးလျာထားငွေစာရင်းကို စစ်ကောင်စီရဲ့ ဘယ်ဝန်ကြီးဌာနကမှ မထုတ်ပြန်သေးသလို သူတို့ရဲ့ဝါဒဖြန့်သတင်းစာတွေကနေလည်း မဖော်ပြသေးတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် အရအသုံးစာရင်းမှာတော့ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

အာဏာမသိမ်းခင်  ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တုန်းကတော့ စစ်တပ်ရဲ့အသုံးစားရိတ်ဟာ ကျပ်ဘီလီယံ ၃,၃၀၀ ကျော်ပဲရှိခဲ့တာဖြစ်ပြီး အဲဒီပမာဏကနေ ပြီးခဲ့တဲ့နှစ်မှာတော့ ၂ ဆနီးပါး အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီပမာဏဟာ အာဏာသိမ်းပြီးတဲ့နောက် အများဆုံးတိုးမြှင့်လိုက်တဲ့ ပမာဏဖြစ်ခဲ့ပြီး ဒီနှစ်အတွက် အသုံးစာရိတ်ဟာလည်း စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာကြောင့် ပိုတိုးလာဖို့ပဲ ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

အရပ်သားအစိုးရလက်ထက်တုန်းကတော့ ဝန်ကြီးဌာနအလိုက်သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းတော့မယ်ဆိုရင် လွှတ်တော်ထဲမှာ အကြိတ်အနယ်ဆွေးနွေးတာ၊ ပယ်ချတာတွေ၊ ဖြတ်တောက်တာတွေရှိခဲ့တဲ့အပြင် သတင်းမီဒီယာတွေကနေတဆင့်လည်း လူထုကသိခွင့်ရခဲ့တာဖြစ်ပါတယ်။

April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...
ဓါတ်ပုံ(Credit)- EEDY
April 20, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့...