ကျိုက်မရောမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် လေ ကြောင်းအသုံးပြု တိုက်ခိုက်

ကျိုက်မရောမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် လေ ကြောင်းအသုံးပြု တိုက်ခိုက်
စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာ မီးလောင်ပျက်စီးခဲ့စဉ်။
စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာ မီးလောင်ပျက်စီးခဲ့စဉ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာနဲ့သံကလောင်ကျေးရွာကြားမှာ ဒီနေ့ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ မနက် ၆ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်ဟာ သံချပ်ကာကားတွေနဲ့ သံကလောင်ကျေးရွာထဲကို ထိုးစစ်ဆင်လာတဲ့အတွက် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

"စကစ အဖွဲ့တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာ။ မနက်အစောကတည်းကပဲ။ တိုက်ပွဲကဖြစ်နေတုန်းဆိုတော့ အသေးစိတ်ပြောမရသေးဘူး"လို့ MNSP AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေလည်း အဆက် မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

"လေယာဉ်သံဗုံးကြဲသံ လက်နက်ကြီးသံတွေတော့ ဆက် တိုက်ကြားနေရတယ်။ ရွာထဲမှာဖြစ်တာတော့မဟုတ်ဘူး။ အခုထိပစ်နေကြတုန်းပဲ အိမ်တွင်းမှာ ပုန်းနေရတယ်"လို့ တရနာဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ဒေသခံပြည်သူတွေ ထိခိုက်မှုအခြေနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ ဓမ္မသရွာကို ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

ကော့ဘိန်းရဲစခန်းကျပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ လက် နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် စစ်သင်္ဘောနဲ့ လေ ကြောင်းပစ်ခတ်မှုကြောင့် ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းတစ်လျှောက်ရှိ ကော့ဘိန်း၊ကော့ပေါက်၊ဘုရားကြီး၊အံကစင်၊ဓမ္မသ၊တရနာစတဲ့ ကျေးရွာတွေဘက်ကို ဦးတည်ကာ စစ်ကောင်စီက ကြည်းကြောင်း၊ ရေကြောင်းစစ်ကြောင်းတွေနဲ့ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာ မီးလောင်ပျက်စီးခဲ့စဉ်။

ဓာတ်ပုံ-MOI
May 27, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ အတွက် လူငယ် ၂၀၀...
May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...
May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...
ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...