မုပွန်ရဲစခန်းမှ အချုပ်သားအချို့ အချုပ်ခန်းဖောက် သေနတ်လုပြီး ထွက်ပြေး

မုပွန်ရဲစခန်းမှ အချုပ်သားအချို့ အချုပ်ခန်းဖောက် သေနတ်လုပြီး ထွက်ပြေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေ ရဲစခန်းမှ အချုပ်သား ၄ ဦး အချုပ်ခန်းဖောက် သေနတ်လုပြီး ထွက်ပြေးသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်တွင် မုပွန်ရဲစခန်း၌ ချုပ်နှောင်ထား သည့် အချုပ်သား ၄ ဦးသည် အချုပ်ခန်း တံခါးပေါက်ကို လက်ကိုင်လွှဖြင့် ဖြတ်ဖောက်ကာ လုံခြုံရေးတာဝန်ကျ ရဲတစ်ဦးထံမှ သေနတ်အား လုယူ၍ ထွက်ပြေးခဲ့ခြင်းဖြစ်ဟု IMNA ၏ သတင်းအရင်းမြစ်က ပြောသည်။

“ဒီအတိုင်းပဲ ရိုးရိုးလက်ကိုင်လွှနဲ့ အချုပ်ခန်းတံခါးပေါက်ကို ဖြတ်လိုက်ပြီးတော့ ထွက်ပြေးဖို့ ကြိုးစားတာ၊ ဒါပေမယ့် တစ်ယောက်က ပြန်မိသွားတယ်၊ ကျန် ၃ ယောက်ကျတော့ လုယူထားတဲ့ သေနတ်တစ်လက်နဲ့ လွတ်မြောက်သွားခဲ့တယ်” ဟု ပြောသည်။

သို့သော် မုပွန်ရဲစခန်းမှ အချုပ်သား ၄ ဦးသည် အချုပ်ခန်းအမိုးအား ဖောက်ထွက်ကာ လုံခြုံရေး တာဝန်ကျ ရဲတပ်သားထံမှ သေနတ်အား လုယူ၍ ပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ကြပ်ကြီး ထွန်းရှိန်မှာ နဖူးသို့ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။

“မုပွန်ရဲစခန်းမှာ မနေ့ နေ့ခင်းပိုင်းက ဖြစ်သွားတဲ့ဖြစ်စဥ်မှာ အချုပ်ခန်းစောင့်တစ်ဦး ပစ်ခံရလို့ သေဆုံးတာကတော့ မှန်တယ်” ဟု IMNA ၏ သတင်းအရင်းမြစ်တစ်ဦးက ထပ်မံပြောပြသည်။

ထိုသို့ အချုပ်ခန်းဖောက် ထွက်ပြေးသည့် အချုပ်သား ၄ ဦးအနက် တစ်ဦးအား ပြန်လည် ဖမ်းမိခဲ့ပေမယ့် ကျန် ၃ ဦးမှာ လုယူသွားတဲ့ M-16 သေနတ်တစ်လက်နဲ့အတူ လွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...