မင်းတပ်မြို့နယ်မှာ ၃ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး၊(၁၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကာနေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့

မင်းတပ်မြို့နယ်မှာ ၃ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး၊(၁၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကာနေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ သုံးလတာအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၂)ဦး CDF ရဲဘော်(၁)ဦး သေဆုံးခဲ့ပြီး ၊အရပ်သားပြည်သူ (၁၀) ဦး နဲ့ CDF ရဲဘော်(၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်များစွာထိခိုက်ပျက်စီးခဲ့တယ်လို့ CDF-Mindat တပ်ဖွဲ့က ဒီနေ့ ဧပြီလ (၁၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးတဲ့ပြင် အရပ်သားပြည်သူနေအိမ်(၃၉) လုံး၊ ဘုရားကျောင်း(၃) ဆောင်၊စာသင်ကျောင်း (၂) ဆောင် ထိခိုက်ပျက်စီးခဲ့ရပြီး မင်းတပ်မြို့နယ်ခြားက ပြည်သူ (၆) ဦးလည်း သေဆုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေး (မင်းတပ်)က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း သုံးလတာအတွင်း အကြိမ်ရေများစွာ စစ်ကောင်စီတပ်ဖွဲ့က လုပ်ခဲ့ပြီး အရပ်သားပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူနေအိမ် (၁၀) ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အများပြည်သူသွားလာတဲ့ လမ်းတွေမှာ မြေမြုပ်မိုင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားတာကြောင့် သုံးလတာအတွင်း အရပ်သား ပြည်သူ (၂) ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ချင်းကာကွယ်ရေး (မင်းတပ်) ကထုတ်ပြန်ထားပါတယ်။

May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...