လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုကြောင့် ကျောက်ဖြူဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ

လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုကြောင့် ကျောက်ဖြူဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ
ဓာတ်ပုံ - CNICDS
ဓာတ်ပုံ - CNICDS

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက ၆ ရက်ဆက်တိုက် လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့် မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများကို မြေပြင်တပ်ရင်းများနှင့် စစ်သင်္ဘောများအပြင် ဒရုန်းများကိုပါ အသုံးပြု၍ ဧပြီ ၁၀ ရက်နေ့မှ ယနေ့ ဧပြီ ၁၆ ရက်နေ့အထိ လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

“တစ်ရက်မှ မလွတ်သေးဘူး နေ့တိုင်းပစ်နေတယ်။ တစ်ရက်ကို အနည်းဆုံး ၃ လုံးကနေ ၅ လုံးလောက်အထိကိုပစ်တာ၊ ရွာအနီးအနားတွေမှာကျတယ်။ လူတွေက ကြိုပြီးတိမ်းရှောင်နေကြလို့သာ ဘေးလွတ်နေကြရတာ” ဟု စနဲဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ တောင်မော်ကြီး ရေတပ်စခန်းနှင့် ဇင်ချောင်းရွာအနီးတွင် ရပ်နားထားသည့် စစ်သင်္ဘောများ အပါအဝင် ဒရုန်းများဖြင့်ပါ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၁၆ ရက်) နံနက် ၈ နာရီကျော်နှင့် ၉ နာရီခွဲအချိန်ခန့်ကလည်း စနဲမြို့အနီးတစ်ဝိုက်သို့ ဒရုန်းဖြင့် ဗုံး ၂ ကြိမ် ကြဲချခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ဒွေးချကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းရှိ သာသနိက အဆောက်အအုံတချို့ ပျက်စီးခဲ့ရပြီး စနဲမြို့အပါအဝင် ဒွေးချ၊ ကျောက်ဆည်၊ ဟင်းခရော်ပြင်၊ အလယ်ဒွိန်၊ တောင်မော်၊ အဝတောင်၊ မျှားချောင်း စသည့်ကျေးရွာ တစ်ဆယ်ခန့်မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

“ဒွေးချရွာကို ဧပြီ ၁၃ ရက်နေ့က လက်နက်ကြီးကျလို့ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းထဲက စေတီတစ်ဆူ ပျက်သွားတယ်။ လူတွေကတော့ နဂိုကတည်းကရှောင်နေကြလို့ အထိအခိုက်မရှိဘူး။ ဒါပေမဲ့ ဒီလို နေ့တိုင်းဖြစ်နေရင် ရွာကိုဝင်ဖို့မလွယ်ဘူး” ဟု ဒွေးချရွာမှ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

တိမ်းရှောင်လာသူများသည် အခြားကျေးရွာများရှိ ဆွေမျိုးနေအိမ်များနှင့် တောတောင်များတွင် နေထိုင်နေကြပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိနေကြသည်။

“လတ်တလောမှာ ရေက အရေးပေါ်လိုအပ်ပါတယ်။ သူတို့ (စစ်ကောင်စီ)က ဒီလိုနေ့တိုင်း လက်နက်ကြီးတွေ ပစ်နေမယ်ဆိုရင် ရွာကိုလည်း ဝင်လို့ရမှာမဟုတ်တော့ စားသောက်ဖို့ကလည်း တော်တော်တော်လေး အခက်အခဲရှိလာမယ်။ လောလောဆယ်တော့ ပါတဲ့ရိက္ခာတွေကို စားသောက်နေပါတယ်” ဟု စနဲမြို့မှ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စည်မော်၊ ကံချိုင်၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ အူချေ၊ ကုလဘာ စသည့်ကျေးရွာသားများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...