AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော

AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော

မြန်မာနိုင်ငံ၏ လက်ရှိကာလသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်သို့သွားရန် အကောင်းဆုံးအချိန်ဖြစ်၍ ရက္ခိုင့်တပ်တော်နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို အတူတကွဖန်တီးပုံဖော်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားလိုက်သည်။

ယနေ့ ကျရောက်သည့် (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားထားခြင်း ဖြစ်သည်။

“အကောင်းဆုံးအခွင့်အရေးကို လက်တွဲညီညီအရယူကာ ကိုယ်ပိုင်ပြဌာန်းမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ လက်တွေ့ရှိနေမည့် အနာဂတ်တိုင်းပြည်သစ်ကို အတူတကွဖန်တီးပုံဖော်ကြပါစို့” ဟု သဝဏ်လွှာတွင် ပါရှိသည်။

AA ၏ ၁၅ နှစ်တာ တော်လှန်ရေးခရီကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ခန္ဓာနှင့် ဘဝတို့ကို ပေးဆပ်ခဲ့သော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုကို ဦးညွတ်ဂုဏ်ပြုကြောင်း NUG က ဆိုထားသည်။

ရက္ခိုင့်တပ်တော်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျကျတိုက်ခိုက်နေသည့်အပြင် နွေဦးတော်လှန်ရေးပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို ကူညီပံ့ပိုးနေခြင်းကိုလည်း အသိအမှတ်ပြုကြောင်း NUG သဝဏ်လွှာတွင် ပါရှိသည်။

ယနေ့ ဧပြီ ၁၀ ရက်တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA)၏ ၁၅ နှစ်မြောက်အခမ်းအနားကို လက်နက်ကိုင်တော်လှန်ရေးတပ်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...