ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၇ ရက်နေ့ကစလို့ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင် ရောက်လာတာဖြစ်ပါတယ်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် နဘုလည်၊ ဝက်ချောင်း၊ ခမောက်ချောင်း၊ ကဒက်အိုင်၊ ဧကနိ၊ ရငဲ၊ မုဒူး၊ ထိန်ကြီး၊ လဲ့ရှောင်၊ ပရဒက်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ ဝက်ခေါင်းဘက်နေ ခမောက်ချောင်း၊ ကဒက်အိုင်ဘက်ကို ရောက်ရှိနေပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိရာ နဘုလည်ဒေသထဲ ဦးတည်သွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားပေမယ့် လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူလို့ သိရပါတယ်။

နဘလည်ဒေသက ဒေသခံပြည်သူတွေဟာ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မှုတွေကြောင့် မကြာခဏဆိုသလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး တစ်ခါတ လေမှာ လချီကြာစစ်ရှောင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံသောင်းနဲ့ချီ နေ ရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...