ရေဖြူမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ရေဖြူမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညင်းထွေးကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က တပ်အင်အား ၂၀ နီးပါး တပ်စွဲထားတဲ့ ကျေးရွာအုပ်ချုပ်ရေးနေအိမ်ကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က ထုတ်ပြန်ထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို DGRF ၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DDPDF ၊ ဥသတပ်ခွဲ ၁၊ ဧဒင်မှူးတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

DGRF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ေ ကျာက်က ညှာကျေးရွာကြားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - DGRF

September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...
August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...