ဖာပွန်မှာ တစ်လအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၉ သေဆုံး ၃၁ ဦးဒဏ်ရာရ

ဖာပွန်မှာ တစ်လအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၉ သေဆုံး ၃၁ ဦးဒဏ်ရာရ
ဓာတ်ပုံ - Free Burma Rangers
ဓာတ်ပုံ - Free Burma Rangers

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ  တစ်လတာအတွင်း ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ဖွဲနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လယ်ယာ တောင်ယာလုပ်ငန်းခွင်တွေထဲကို စစ်  ကောင်စီတပ်က လက်နက်ကြီးကျည် ၄၂ လုံး ပစ်ခတ်ခဲ့ပြီး ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြီးဗုံးငယ် စုစုပေါင်း ၁၄၈၅ လုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးတစ်ပါး၊ ကိုယ်ဝန်သည်မိခင်တစ်ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် နေအိမ် ၄၂ လုံး၊ စပါးကျီ ၂ လုံး၊ လယ်ထွန်စက်တစ်လုံး ဗုံးထိမှန်ပျက်စီးခဲ့ပြီး ကျွဲ၊ ဝက်၊ ဆိတ် အကောင် ၂၀ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့မှုကြောင့် မတ်လအတွင်းမှာ ဖာပွန်ဒေသခံစုစုပေါင်း ၁၆၂၄ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ဖာပွန်မြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ထိန်းချုပ်ထားပြီး မြို့အနီးကျန်ရှိတဲ့ ဗျူဟာကုန်းနဲ့ တပ်ရင်းတွေလည်း ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားတာဖြစ်ပါတယ်။

ဖာပွန်တိုက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...