ကူမင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အသင်းနှစ်ပတ်လည်ပွဲ တက်ရောက်ခဲ့သူတွေဟာ ကချင်အားလုံးကို ကိုယ်စားမပြုကြောင်း တရုတ်ရောက် မြန်မာပြည်သူများပြော

ကူမင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အသင်းနှစ်ပတ်လည်ပွဲ တက်ရောက်ခဲ့သူတွေဟာ ကချင်အားလုံးကို ကိုယ်စားမပြုကြောင်း တရုတ်ရောက် မြန်မာပြည်သူများပြော

တရုတ်နိုင်ငံ၊ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ရေးရာ ကူညီထောက်ပံ့ရေး အသင်းရဲ့ နှစ်ပတ်လည်မိတ်ဆုံစားပွဲမှာ တက်ရောက်ခဲ့တဲ့ ကချင်တိုင်းရင်းသားတွေဟာ ကချင်အားလုံးကို ကိုယ်စား မပြုဘူးလို့ ရွှေလီမြို့ရောက် မြန်မာပြည်သူအချို့က ပြောပါတယ်။

 မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထက်ပါ မြန်မာနိုင်ငံသားတွေရဲ့ ဩဝါဒခံယူပွဲနဲ့ မြန်မာနိုင်ငံသားများ အတွက် ကောင်စစ်ရေးရာ ကူညီထောက်ပံ့ရေးအသင်းရဲ့  နှစ်ပတ်လည် မိတ်ဆုံစားပွဲ အခမ်းအနားမှာ Samasition ပရဟိတ အသင်းကိုယ်စား ( ကိုဘားဇက် ) အပြင် ရွှေလီရောက် ကချင်၊ ချင်း၊ တအာန်း တိုင်းရင်း သားများ အချို့တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို အာဏာသိမ်း စစ်ကောင်စီရဲ့ အခမ်းအနားပွဲကို ပါဝင်တက်ရောက်တာဟာ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံအခြေစိုက် ကောင်စစ်ဝန်ရုံးကို အားပေးထောက်ခံခြင်း ဖြစ်တယ်လို့ ရွှေလီရောက် ကချင်တိုင်းရင်းသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို  ပြောပါတယ်။

ဒါဟာ ရှက်ဖွယ် ရွံဖွယ်ကောင်းတဲ့ ကိစ္စရပ်ဖြစ်ပြီး ကချင်တိုင်းရင်းသားအချို့ရဲ့ လုပ်ရပ်ဟာ ရွှေလီမြို့မှာ နေထိုင်တဲ့ ကချင်အားလုံးကို ကိုယ်စားမပြုကြောင်း၊ တက်ရောက်ခဲ့တဲ့သူ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်ခံယူချက်နဲ့သာ သက်ဆိုင်ကြောင်းလည်း  ဆိုပါတယ်။

ကချင်နိုင်ငံရေးလေ့လာသုံးနေသူ တစ်ဦးကလည်း "အခုလို အချိန်မှာ စစ်ကောင်စီက လုပ်တဲ့ပွဲမှာ ပါဝင်တယ်ဆိုတာကတော့ မသင့်တော်ဘူးပေါ့။ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေတဲ့အချိန် အပြင်မှာရောက်နေတဲ့သူတွေ ပါဝင်ကြတယ်ဆိုတာကတော့ မသင့်တော်ဘူးပေါ့။ မလုပ်သင့်ဘူးပေါ့။"လို့ ပြောပါတယ်။

ရွှေလီရောက် မြန်မာပြည်သူအချို့ရဲ့ ပြောပြချက်အရ အထက်ပါအခမ်းအနားမှာ လူဦးရေ စုစုပေါင်း၂၀၀ ဝန်းကျင်လောက် ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...