ဓမ္မသနှင့် သံကလောင်ရွာကြားတွင် တိုက်ပွဲပြင်းထန်နေ

ဓမ္မသနှင့် သံကလောင်ရွာကြားတွင် တိုက်ပွဲပြင်းထန်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် သံကလောင်ကျေးရွာကြားတွင် မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းတိုက်ပွဲဖြစ်ပွားပြီးနောက် တရနာကျေးရွာဘက်တွင် ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ပစ်ခတ်နေကြသည်ဟုလည်း ဆိုသည်။

“ဓမ္မသမရောက်ခင်လမ်းခွဲဘက်မှာလည်းပစ်နေတယ်။ တရနာဘက်ကနေ သံကလောင်ဘက်ကိုပစ်နေတာ အချင်းချင်းပစ်ခတ်ကြတယ်။ ဗုံးလည်းကျဲနေတယ်။

လက်နက်ကြီးရောပါပဲ” ဟု ဓမ္မသရွာဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲသည် ည ၁၂ အချိန်ခန့်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီရေတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...