ဓမ္မသနှင့် သံကလောင်ရွာကြားတွင် တိုက်ပွဲပြင်းထန်နေ

ဓမ္မသနှင့် သံကလောင်ရွာကြားတွင် တိုက်ပွဲပြင်းထန်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် သံကလောင်ကျေးရွာကြားတွင် မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းတိုက်ပွဲဖြစ်ပွားပြီးနောက် တရနာကျေးရွာဘက်တွင် ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ပစ်ခတ်နေကြသည်ဟုလည်း ဆိုသည်။

“ဓမ္မသမရောက်ခင်လမ်းခွဲဘက်မှာလည်းပစ်နေတယ်။ တရနာဘက်ကနေ သံကလောင်ဘက်ကိုပစ်နေတာ အချင်းချင်းပစ်ခတ်ကြတယ်။ ဗုံးလည်းကျဲနေတယ်။

လက်နက်ကြီးရောပါပဲ” ဟု ဓမ္မသရွာဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲသည် ည ၁၂ အချိန်ခန့်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီရေတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

Most read this week

May 1, 2024
မွန်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ဘိန်း၊ ကော့ပေါက်ရွာတို့ အပါအဝင် တရနာ၊ သံကလောင်၊ ဓမ္မသစသည့်...
April 24, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်...
April 24, 2024
မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ကာလတစ်လျှောက် ယခု ၂၀၂၄ ခုနှစ်အတွင်း...
April 24, 2024
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့...