ရခိုင်ဒေသမှာ ရင်းနှီးမြုပ်နှံမယ့်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးမယ့်အပြင် စီမံကိန်းတွေ ဆက်လည်ပတ်ဖို့အတွက် ပူးပေါင်းစေလိုတယ်လို့ AA ပြော

ရခိုင်ဒေသမှာ ရင်းနှီးမြုပ်နှံမယ့်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးမယ့်အပြင် စီမံကိန်းတွေ ဆက်လည်ပတ်ဖို့အတွက် ပူးပေါင်းစေလိုတယ်လို့ AA ပြော
ပုံစာ - အိန္ဒိယလွှတ်တော်အမတ်နှင့် AA ဘက်မှ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်/ Photo : The Lairam Times
ပုံစာ - အိန္ဒိယလွှတ်တော်အမတ်နှင့် AA ဘက်မှ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်/ Photo : The Lairam Times

ရခိုင်ဒေသမှာ လာရောက်ရင်းနှီးမြုပ်နှံတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ဒီနေ့ညနေပိုင်းမှာ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။

"မိမိဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်" လို့ AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

AA ဟာ မတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတုန်းကလည်း ပြည်သူတွေရဲ့အကျိုးအတွက် အိမ်နီးချင်းအစိုးရနိုင်ငံတွေနဲ့ အပြည့်အဝလက်တွဲဆောင်ရွက်သွားဖို့ပြင်ဆင်ထားတယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတော့ အိန္ဒိယလွှတ်တော်အမတ်နဲ့ AA ဘက်က တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံပူးပေါင်းဖော်ဆောင်နေတဲ့ ကုလားတန်စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လမ်းပိုင်းတစ်ခုဖောက်လုပ်ရေးနဲ့ပတ်သက်ပြီး တွေ့ဆုံခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ထုတ်ပြန်ချက်မှာတော့ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး အဲဒီဆောင်းပါးထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တည်တည်ငြိမ်ငြိမ် ဖော်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

AA ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာါတဲ့ "စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေး" ဆိုတဲ့ ကိစ္စဟာ အဲဒီကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်နေလားဆိုတာကိုတော့ အတိအကျမသိရသလို အဲဒီစီမံကိန်းနဲ့ပတ်သက်လို့လည်း တရုတ်ဘက်ကရော AA ဘက်ကပါ ထုတ်မပြောသေးပါဘူး။

AA ကတော့ သူတို့အနေနဲ့ အနာဂတ်ကာလမှာ နိုင်ငံတကာနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုတဲ့ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ကြိုးပမ်းသွားမှာဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းအောင် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို နွေးနွေးထွေးထွေးကြိုဆိုတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ AA ဟာ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီမရှိရေးအတွက် ဆက်ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပြီး ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ ၈ မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝဒေသကို သိမ်းပိုက်ထားပါတယ်။

May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...