ချင်းမှာ စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို အရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ ကြေညာ

ချင်းမှာ စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို အရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ ကြေညာ

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေ သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ စစ်အုပ်စု၏ အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်အတွက် ချင်းပြည်အစိုးရက ကွန့်ကွက်ရှုံ့ချကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ချင်းပြည်အတွင်း စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ်စတင် အကောင်အထည် ဖော် ဆောင်ရွက်နေမှုကိုလည်း ကန့်ကွက်ရှုံချသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်၏ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ်မြို့များအပါအဝင် နိုင်ငံတဝန်းမြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ကြေညာပြီးနောက် စစ်ကောင်စီက အရွယ်ရောက်သူများကို စစ်မှုထမ်းခိုင်းရန် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

June 5, 2026
မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး...
June 4, 2026
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက်...
June 3, 2026
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ -...
June 2, 2026
မကွေး- ချင်းအစပ်၊ ယောဒေသ၊ ပုံတောင်နတ်ထိပ်ဒေသတွင် အင်အားတစ်ထောင်ကျော် အာဏာသိမ်းစစ်တပ်နှင့်...