မလွှဲတောင်စစ်ဆေးရေးဂိတ် တစ်ရက် ၅ နာရီသာ ဖြတ်သန်းခွင့်ပြု

မလွှဲတောင်စစ်ဆေးရေးဂိတ် တစ်ရက် ၅ နာရီသာ ဖြတ်သန်းခွင့်ပြု

ရေး-ထားဝယ် ကားလမ်းမပိုင်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆင်ရေးစတင်လှုပ်ရှားခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစပြီး မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တစ်ရက် ၅ နာရီသာ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီတွင် မလွှဲတောင် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ဂိတ်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို မနက်၉ နာရီမှ မွန်းလွှဲပိုင်း ၂ နာရီ အထိသာ ဖြတ်သန်းခွင့်ပြုထားပြီး စစ်ဆေးမှုတင်းကြပ်ထားခြင်းကြောင့် ယာဉ်ကျောပိတ်ဆို့မှုတို့ ဖြစ်ပွားနေကြောင်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။ ၎င်းက “ အခုက လမ်းကို မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိပဲဖြတ်သန်းခွင့်ပြုတယ်၊ ပြီးတော့ စစ်ဆေးတာတွေလည်း အရမ်းများနေရော အရေးပေါ်ဖြစ်တာတို့လည်း ဖြတ်သန်းခွင့်မပေးဘူး အဲလိုဆိုတော့ သူတို့ (ပရဟိတ)အတွက် အခက်ခဲဖြစ်သွားတယ် ဖွင့်တဲ့အချိန်လည်းမမှန်နေဘူး အဲ့ကြောင့်ကားတွေက ပိတ်နေတာအများကြီးပဲ"ဟု ဆိုသည်။

မနက် ၉ နာရီတွင် ဂိတ်ကို စတင်ဖြတ်သန်းခွင့်ပြုသော်လည်း  ဒေသအခြေအနေအပေါ်မူတည်ပြီး ဖြတ်သန်းခွင့်ပြုနေကြောင်း သိရသည်။ ထို့အပြင် မလွှဲတောင် စစ်ဆေးရေးဂိတ်အနီးနားတစ်ဝိုက်တွင် တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတို့အကြား စစ်ရေးပဋိပက္ခ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဒေသခံများအနေနှင့် လုံခြုံမှုမရှိနေကြောင်း ဆိုသည်။

၎င်းရေဖြူဒေသခံက “ ကျေးရွာက လူတွေအကုန်လုံးက သိနေကြတယ်လေ၊ တော်လှန်ရေးအင်အားစုတွေလာရင် တိုက်ပွဲကဖြစ်ပြီး၊ အဲ့ကြောင့် ရွာမှာက မလုံခြုံနေဘူး၊ ရွာမှာစစ်သားတွေက ဝင်လိုက် ထွက်လိုက်ပါပဲ ” ဟုဆိုသည်။

ယမန်နေ့ မတ်လ ၂၃ ရက်နေ့က မလွှဲတောင်တွင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီခန့်တွင် ရေဖြူမြို့နယ် မင်းသားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တု့ိ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် ဖဖော်ဝါရီလကုန်ပိုင်းက မွန်အမျိုးသားနေ့ကို ကြိုဆိုသည့်အနေဖြင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ က စစ်ကောင်စီ၏ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီးနောက် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ချိတ်ဆက်ထားသည့် မလွှဲတောင်စစ်ဆေးရေးဂိတ်ကို  တစ်ရက် ၈ နာရီသာ ဖြတ်သန်းခွင့်ပြုရန် ကန့်သတ်ထားေသးကြောင်း သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...