၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာတင်ထားပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက် စာမေးပွဲပြန်ပြုလုပ်ပေးမယ်လို့ကြေညာ

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာတင်ထားပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက် စာမေးပွဲပြန်ပြုလုပ်ပေးမယ်လို့ကြေညာ

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက်  အထူးအစီအစဥ် တစ်ရပ်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိသတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူပြီး ဖြေဆိုရန် ပြန်စီစဉ်ပေးမည်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကမတ်လ ၁၉ ရက်မှာ ကြေညာထားပါတယ်။

ဖြေဆိုမည့် နေ့ရက်နဲ့ စာစစ်ဌာနများအားထပ်မံထုတ်ပြန်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၁၁ ရက်ကစပြီး ကျင်းပခဲ့တဲ့ စနစ်သစ် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ်မှာတက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိတဲ့အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိကြောင်းချင်းပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူဆီကသိရပါတယ်။

Most read this week

December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...