သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာ

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာ

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသမှာ ပြင်ထန်းစွာဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၄ ရက်နေ့ ညနေပိုင်းက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၇ အနီး ဝှေ့ရှမ်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်နေခဲ့တာပါ။

မတ် ၁၅ ရက်နေ့မှာလည်း ဝှေ့ရှမ်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်အိမ်အပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၇ တပ်ရင်းနဲ့ ဗျူဟာတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲအ ပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲ ၁ ပတ်ကျော်လာတဲ့အချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ ခမရ ၃၅၅ တပ်ရင်းစခန်း၊ နယ်မြေရဲစခန်းနဲ့ ထိုင်း-မြန်မာနယ်စပ်နား ဖလူးစခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း အပြင်းအထန်ခုခံနေတယ်လို့ သိရပါတယ်။

သင်္ဃန်းညီနောင်မကျရေးအတွက် စစ်ကောင်စီတပ်ရဲ့ အပြင်းအထန်ခုခံမှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိထားသလို ဒေသခံပြည်သူထောင်ချီဟာ မြဝတီမြို့အပါအဝင် ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-U Zaya Megga

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...