ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တို့ကို AA က တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်(AA) က မတ် ၁၀ ရက်၊ ညနေ (၇) နာရီခန့်မှစပြီး တစ်ဆင့်မြှင့် ထိုးစစ်တိုးပြီး တိုက်ခိုက်နေခြင်းဟု မတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲသည် ရသေ့တောင်မြို့နယ်မှ စတင်ခဲ့ပြီး AA က စစ်ကောင်စီ၏ ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းတို့ ကနဦး သိမ်းပိုက်ခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင်နေသည်မှာ ၄ လ ကျော်ထိ ကြာမြင့်လာပြီဖြစ်သည်။  လက်ရှိတွင် နောက်ဆုံးကျန်ရှိနေသည့် ရသေ့တောင်မြို့အနီးက ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယင်းအပြင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့များရှိ စစ်ကောင်စီစခန်းအချို့ကို ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ရခိုင်တိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ရယူထားသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...