စစ်မက်ကြားမှာ မြို့ပျက်ကြီးဖြစ်သွားသော ပေါက်တောမြို့

စစ်မက်ကြားမှာ မြို့ပျက်ကြီးဖြစ်သွားသော ပေါက်တောမြို့

ရခိုင်ပြည်၊ ပေါက်တောမြို့အခြေအနေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် DMG က ကွင်းဆင်းလေ့လာစဉ် ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများ ဖြစ်သည်။

ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ဘဝမ်းရပ်ကွက်တို့ရှိ နေအိမ်အဆောက်အအုံများနှင့် မြို့မဈေးကြီးတစ်ခုလုံး မီးလောင်ပြာကျခဲ့ရသည်။

ယင်းအပြင် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် လက်နက်ကြီး၊ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဌာနဆိုင်ရာနှင့် အများနှင့်ဆိုင်သောအဆောက်အအုံ အများအပြားပျက်စီးသွားခဲ့သည်။

တိုက်ပွဲကာလအတွင်း မြို့နေပြည်သူများကို စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်ခြင်း စသော စစ်ရာဇဝတ်မှုများကို ကျုးလွန်ခဲ့ပြီး ဖမ်းဆီးခံထားရသော ဓားစာခံအများအပြားကို AA က တိုက်ပွဲကြားမှ ကယ်ထုတ်နိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ပေါက်တောမြို့သည် ရခိုင်ပြည်အတွင်း AA က ပထမဆုံးသိမ်းပိုက်ရရှိသော မြို့ဖြစ်လာသည်။

ပေါက်တောတိုက်ပွဲကြောင့် သောင်းနှင့်ချီသောပြည်သူများမှာ လက်ရှိအချိန်ထိ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြဆဲဖြစ်ပြီး စားဝတ်နေရေး၊ ဆေးဝါးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...