DMG ပရိသတ်များထံ အသိပေးပန်ကြားခြင်း

DMG ပရိသတ်များထံ အသိပေးပန်ကြားခြင်း

ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနအနေဖြင့် ရခိုင်ပြည်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းမှစ၍ ပြည်တွင်းသတင်းများကို မတင်ဆက်နိုင်ခဲ့သည့် အကြောင်းအရင်းကို ပရိသတ်များသိစေရန် ထုတ်ပြန်လိုက်ရပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်တွေမြို့ရှိ DMG သတင်းဌာနရုံးချုပ်အား စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးသွားခဲ့သည့်အပြင် သတင်းလုပ်ငန်းသုံး ပစ္စည်းများကိုပါ သိမ်းဆည်းသွားခဲ့သည့် ကိစ္စကို အားလုံးသိပြီးဖြစ်ပါလိမ့်မည်။ ထိုအချိန်မှစ၍ DMG ဝန်ထမ်းများသည် စစ်ကောင်စီ၏ ရန်မှကင်းဝေးမည့် နေရာများသို့ တိမ်းရှောင်ရင်း သတင်းလုပ်ငန်းများ ရပ်တန့်မသွားစေရန် အခက်အခဲများကြားထဲမှ ဆက်လက်ရပ်တည်ခဲ့ကြပါသည်။

သို့သော် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်နှင့်တပြိုင်နက် ပြည်တွင်းကုန်းလမ်း၊ ရေလမ်းသွားလာခွင့်နှင့် ဆက်သွယ်ရေးလိုင်း များကိုပါ စစ်ကောင်စီက ပိတ်ပင်လိုက်ချိန်တွင် သတင်းလုပ်ငန်းလုပ်ကိုင်သူများအတွက် ပိုမိုအခက်အခဲဖြစ်စေခဲ့ပါသည်။

ယခင်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာများတွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ခဲ့သည့် သာဓကများရှိခဲ့သဖြင့် မိမိတို့ DMG အနေဖြင့် အင်တာနက်ဆက်သွယ်ရေးပစ္စည်းများကို ကြိုတင်မှာယူထားခဲ့သော်လည်း စစ်ရေးအရှိန်မြင့်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် မိမိတို့ထံသို့ ၎င်းဆက်သွယ်ရေးပစ္စည်းများ ရောက်ရှိနိုင်ရန် ကြန့်ကြာမှုများရှိခဲ့ပါသည်။

ဆက်သွယ်ရေးလိုင်းများ လုံးဝပြတ်တောက်သွားချိန်တွင် ပြည်ပ၌ရှိနေသည့် မိမိတို့၏ ဝန်ထမ်းတစ်ဦးက ဘာသာပြန်သတင်း၊ ဆောင်းပါးများကို တင်ဆက်ပေးရုံမှလွဲ၍ DMG သတင်းဌာန၏ သတင်းလုပ်ငန်းများမှာ ရပ်တန့်သွားခဲ့ရပါသည်။ ထို့ပြင် ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ပစ္စည်းပို့ဆောင်ပေးမည့်သူများနှင့်လည်း အဆက်အသွယ် လုံး၀ပြတ်တောက်ခဲ့ရပါသည်။

မိမိတို့ DMG သတင်းဌာနအနေဖြင့် ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများသို့ မြေပြင်ကွင်းဆင်းကာ လုံခြုံရေး အန္တရာယ်များကြားက သတင်းများရယူနိုင်ခဲ့သော်လည်း အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် ပရိသတ်များထံသို့ သတင်းများကို အချိန်နှင့်တပြေးညီ မတင်ဆက်ပေးနိုင်ခဲ့ခြင်းအပေါ် သိရှိနားလည်ပေးကြပါရန်နှင့် လက်ရှိတွင် အင်တာနက်အဆင်ပြေမည့် အခြေအနေတစ်ခုကို ဖန်တီးထားနိုင်ပြီဖြစ်ပါသဖြင့် ယနေ့မှစ၍ သတင်းလုပ်ငန်းငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပရိသတ်များအား အလေးအနက်ထား အသိပေးအပ်ပါသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...