ကလေးမြို့နယ် ကံသာယာရွာတိုက်ပွဲ စစ်ကောင်စီတပ်သားရုပ်အလောင်း ၃ လောင်းရရှိပြီး လက်နက်ငယ် ၂၀ ကျော်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ကလေးမြို့နယ် ကံသာယာရွာတိုက်ပွဲ စစ်ကောင်စီတပ်သားရုပ်အလောင်း ၃ လောင်းရရှိပြီး လက်နက်ငယ် ၂၀ ကျော်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ကလေးမြို့နယ်၊ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ (၁၀) ရက်က တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၂၀ ကျော်နှင့် ကျည်ဆံခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း NUG အစိုးရအဖွဲ့ ကာကွယ်ရေး၀န်ကြီးဌာနလက်အောက် အမှတ် (၁) စစ်ဒေသထုတ်ပြန် သည်။

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၎င်းတို့ လက်လွှတ်ခဲ့ရသော ကံသာယာရွာရှိ စခန်းအား ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်း ရရှိပြီး လက်နက်ငယ် (၂၄) လက်၊ ကျည်မျိုးစုံ (၁၂၀၀) ခန့်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၂၄) ခု သိမ်းဆည်းရမိသည်ဟုဆိုသည်။

ကံသာယာရွာတိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF၊ ကလေးမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသကထုတ်ပြန်သည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...