ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေး

ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲ၀င်နေသော ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာ၀န်ရှိသူများ မတ်လ ၅ ရက်နေ့က ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား Peace Establishment Committee (PEC) ဉက္ကဌ အပါအ၀င် တာ၀န်ရှိ ၁၃ ဦးနှင့် KNF ဘက်မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုရလာဒ် အခြေ အနေကောင်းမွန်ကြောင်း KNF မှ ဗိုလ်မှူးကြီး ဆော်လမွန်ကပြောဆိုသည်ဟု All India Radio News ကဖော်ပြထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲထားမည်ဖြစ်ပြီး တတိယအကြိမ်မြောက်ဆွေး နွေးပွဲ ပြုလုပ်ရန်အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်များက ကမ်းလှမ်းထားသည်ဟု သိရသည်။

ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာ၀န်ရှိသူများ ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၅ ရက်နေ့မှာ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြပြီးဖြစ်သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင် တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization (KNDO) ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ကြသည်။

KNDO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသမှ ချင်း (ဇိုး) မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်သီးသန့်ချပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းကိစ္စကို ဘင်္ဂလားဒေရှ့်အစိုးရက အရေးတယူမလုပ်ဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

ထို့ကြောင့် KNDO ကို Kuki-Chin National Front/Army အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော (Bhaichari၊ Juraichari၊ Borkol၊ Bilaichari၊ Rwang chari၊ Rwang chari၊ ၊ Ruma၊ Thanchi၊ Lama နှင့် Alikdam) ဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ်သတ်မှတ်ရန် လက်နက်ကိုင် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Kuki-Chin National Front/Army နှင့် ဘင်္ဂလားဒေရှ့်အစိုးရတို့အကြား ၂၀၂၂ ခုနှစ်ကစ၍ တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ပြီး နောက် စစ်တကောင်းတောင်တန်းဒေသက ချင်း(ဇိုး) မျိုးနွယ်စုများသည် မီဇိုရမ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ယခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင် လာသော စစ်တကောင်းတောင်တန်းဒေသက ချင်း (ဇိုး) မျိုးနွယ်စု ၁၁၆၇ ဦးရှိပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva ကျေးရွာဘက်တွင် ခိုလုံနေကြရသည်ဟု သိရသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...