ဘုရားသုံးဆူ နယ်စပ်ဒေသကုန်သွယ်ခွင့် ၁၀ ရက်ကျော်ပိတ်ထား

ဘုရားသုံးဆူ နယ်စပ်ဒေသကုန်သွယ်ခွင့် ၁၀ ရက်ကျော်ပိတ်ထား

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှတစ်ဆင့် နယ်စပ်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစပြီး ယာယီပိတ်ထားကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်မှတစ်ဆင့် တရားဝင်ကုန်သွယ်နေသူတို့ကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး ထိုင်းဘတ် ၁ သိန်းကျော်အထိ ဒဏ်ငွေကာက်ခံနေသည်ဟု နယ်စပ်ဒေသ ကုန်သည် တစ်ဦးကဆိုသည်။

‘တရားဝင်တင်သွင်းနေတဲ့ သူတွေလည်းမရဘူး အခုက အကုန်ဖမ်းတယ် ရှုတ်ယှက်ခတ်နေတဲ့အချိန်ဆိုတော့၊ လောလောဆယ် ကျနော်တို့က ဖောက်သည်လည်းပျက် အလုပ်လည်းပျက်တယ်၊တစ်ရက်ဝယ် နှစ်ရက်သုံးရက်လောက်ရောင်း အဲလိုပဲဆိုတော့ ထားထားတာမရှိဘူးလေ’ ဟုဆိုသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း ထိုင်းအစိုးရဘက်မှ နယ်စပ်ကုန်သွယ်ခွင့် မကြာခဏ ပိတ်ပင်ကန့်သတ်လျှက်ရှိသော်လည်း လက်ရှိတွင် ပိုမိုကြန့်ကြာနေခြင်းကြောင့် အလုပ်အကိုင် ပြတ်လတ်လျှက်ရှိကြောင်း ဆိုသည်။

သို့သော် ယနေ့ မတ်လ ၄ ရက်နေ့တွင် နယ်စပ်ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနှင်ဆက်စပ်ပြီး ကန်ချနပူရီခရိုင်တာဝန်ရှိသူတို့ နယ်စပ်ဒေသတစ်နေရာတွင် ဆွေးနွေးသွားရန်ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဘုရားသုံးဆူ နယ်စပ်ဒေသမှတစ်ဆင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်သူတို့ ပိုမိုများပြားလာခြင်းကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်ကို တင်းကြပ်ထားသည့်အပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ကိုလည်း ယာယီပိတ်ထားသည်။

အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် လူငယ်အများစု ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့်ထွက်ခွာရန် ဘုရားသုံးဆူမြို့ပေါ်တွင် ရာနှင့်ချီ သောင်တင်လျှက်ရှိကြောင်း သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...