ကရင် BGF တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပို့ချနေ

ကရင် BGF တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပို့ချနေ

စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ က ရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက ကျေးရွာတွေထဲမှာ တပ်သားသစ်စုဆောင်းခေါ်ယူပြီး စစ်သင် တန်းတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်အောက် အမျိုးသားတွေကို BGF တပ်ဖွဲ့က ဖေဖော်ဝါရီလအလယ်လောက်ကစလို့ တပ်သားသစ်စုဆောင်းခေါ်ယူနေပြီး ကျေးရွာတစ်ရွာကို အနည်းဆုံးလူ ၁၀ ဦးကနေ အများဆုံး ၂၅ ဦးအထိ ပေးဆောင်နေရတာပါ။

ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ BGF တပ်ဖွဲ့ထံ စစ်မှုမထမ်းလိုတဲ့ လူငယ်လူ ရွယ်အမျိုးသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာရှောင်တိမ်းကြတာတွေ ရှိနေတယ်လို့  ဆိုပါတယ်။

တပ်သားသစ်စုဆောင်းထားတဲ့ လူငယ်အမျိုးသားတွေကို BGF တပ်ဖွဲ့ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ နယ်၊ ကြာအင်းကျေးရွာထဲမှာ စစ်သင်ပေးအပ်နေပြီး သင်တန်းထဲမှာ အခြေခံစစ်သင် တန်းအပြင် ဆေးသင်တန်း၊ လက်နက်ကြီးသင်တန်းစတာတွေ ပါဝင်တယ်လို့ BGF နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်ကနေ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်အပြင် မြဝတီ၊ ကမမောင်း၊ ဘားအံမြို့နယ်တွေဘက်မှာလည်း BGF တပ်ဖွဲ့က တပ် သားသစ်ခေါ်ယူဖို့အတွက် လာရောက်စည်းရုံးလုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသတွင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက နုတ်ထွက်လိုက်ပြီးတဲ့နောက် တပ်အင်အားတွေ ပြန်လည်ဖြည့်ဆည်းဖို့အတွက် တပ်သား သစ် ခေါ်ယူစုဆောင်းမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။

တပ်သားသစ်စုဆောင်းခံရတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်သင်တန်းပြီးဆုံးပါက BGF တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ကျေးရွာတွေကို ပြန်လည်ကာကွယ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ အတည်ပြုထုတ်ပြန်လိုက်ချိန် ကရင်နယ်ခြားစောင့်တပ် BGF က တပ်သားသစ်ခေါ်ယူစုဆောင်းနေတဲ့အတွက် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်တွေအများစုဟာ ထိုင်းနိုင်ငံဘက်ကို နေ့စဉ်အလုံးအရင်းနဲ့ ထွက်ခွာတိမ်းရှောင်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီလက်အောက်ကနေ နှုတ်ထွက်လိုက်တဲ့ ကရင် BGF တပ်ဖွဲ့ဟာ ကရင်အမျိုးသားတပ်မ တော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...