ကလေးမြို့ဆင်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံတစ်ဦးသေဆုံး

ကလေးမြို့ဆင်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံတစ်ဦးသေဆုံး

အခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနောက်ဖက်ပိုင်းက ဆင်ရွာမှာယနေ့ညနေ(၆)နာရီအချိန်လောက်မှာ စစ်ကောင်စီဖက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသား တစ်ယောက် သေဆုံးသွား တယ်လို့ ရွာခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယနေ့ညနေပိုင်းမှာ ဆင်ရွာဖက်ကို လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေ တယ်လို့ ဒေသခံတွေကပြောဆိုနေကြပြီး အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျေးရွာအတွင်း ဒေသခံ တစ်ယောက် သေဆုံးသွားပြီး (၁)ဦးထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

“ရွာထဲမှာ လက်နက်ကြီးက(၂)ကြိမ်ကျပြီးပေါက်တာ ၊ အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်မှာပဲ သေသွားတာ၊ အခြားတစ်ယောက်ကတော့ ဒဏ်ရာရထားတယ်၊ ဆေးရုံဆေးခန်းပြဖို့ပြင်ဆင်နေတယ်”လို့ ဆင်ရွာကဒေသခံတစ်ယောက်ကပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့်သေဆုံးသွားတဲ့သူဟာ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ် တယ်လို့သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကစပြီး ကလေးမြို့ ပေါ်နဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...