စစ်ကောင်စီ တပ်ဖွဲ့ မှ PNO ကို လက်နက်ထပ်မံ တပ်ဆင်အပ်နှင်း

စစ်ကောင်စီ တပ်ဖွဲ့ မှ PNO ကို လက်နက်ထပ်မံ တပ်ဆင်အပ်နှင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပအိုဝ်းပြည်သူ့စစ် PNO ကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်တပ်ဆင် အပ်နှင်းခဲ့သည်။

ဖေဖော်ဝါရီ (၁၇)ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများ တပ်ရင်း/တပ်ဖွဲ့မှူးများက PNO တပ်ဖွဲ့ကို လက်နက်တပ်ဆင်အပ်နှင်းခဲ့သည်။

လက်ရှိမှာ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (PNLA/PNLO) နှင့် စစ်ကောင်စီ လက်အောက်ခံ  PNO/PNA တို့ တိုက်ပွဲပြင်းထန်နေသည်။

ထို့ပြင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...