စစ်ကောင်စီ တပ်ဖွဲ့ မှ PNO ကို လက်နက်ထပ်မံ တပ်ဆင်အပ်နှင်း

စစ်ကောင်စီ တပ်ဖွဲ့ မှ PNO ကို လက်နက်ထပ်မံ တပ်ဆင်အပ်နှင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပအိုဝ်းပြည်သူ့စစ် PNO ကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်တပ်ဆင် အပ်နှင်းခဲ့သည်။

ဖေဖော်ဝါရီ (၁၇)ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများ တပ်ရင်း/တပ်ဖွဲ့မှူးများက PNO တပ်ဖွဲ့ကို လက်နက်တပ်ဆင်အပ်နှင်းခဲ့သည်။

လက်ရှိမှာ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (PNLA/PNLO) နှင့် စစ်ကောင်စီ လက်အောက်ခံ  PNO/PNA တို့ တိုက်ပွဲပြင်းထန်နေသည်။

ထို့ပြင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရသည်။

Most read this week

December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...