ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ တောင်းဆိုထားတဲ့ အချက်သုံးချက်ကို ထောင်အာဏာပိုင်တွေ လိုက်လျော

ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ တောင်းဆိုထားတဲ့ အချက်သုံးချက်ကို ထောင်အာဏာပိုင်တွေ လိုက်လျော

ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ တောင်းဆိုထားတဲ့ အချက်သုံးချက်ကို ထောင်အာဏာပိုင်တွေက လိုက်လျောဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနေ သိရပါတယ်။

အကျဉ်းသူအကျဉ်းသားတွေကို စစ်ဆေးတဲ့အချိန်  တရားလက်လွန်ဆောင်ရွက်တာတွေ မလုပ်ဆောင်ဖို့ အချက်အပါအဝင် အချက်သုံးချက်နဲ့ ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား ၄၇ ယောက်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ပြီးတော့ အစာငတ်ခံ ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

" တောင်းဆိုချက်တွေကို လိုက်လျော ဖို့သဘောတူညီလိုက်ပြီလို့ သိရတယ်။ ဆက်လက်စောင့်ကြည့်မှုတွေတော့ လုပ်ရဦးမယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ခါမှာ လှည့်ကွက်အနေနဲ့ အကျဉ်းသားတွေကို ငြိမ်သွားအောင် ခဏလုပ်ပြီးတော့ ဦးဆောင်သူတွေကို ဖိနှိပ်တာမျိုးတွေ လုပ်တတ်ပါတယ်။" လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတွေ လက်ကိုင်ဖုန်းသုံးစွဲတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းထောင်ထဲ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီးတော့ လက်ကိုင်ဖုန်း နှစ်လုံးတွေ့တယ်လို့ဆိုပြီး အကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါပေမဲ့ ဖုန်းတွေကို လက်ဝယ်မတွေ့ရှိဘဲ စစ်ဆေးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ က နိုင်ငံရေးအကျဉ်းသား ၂ ယောက်ကို အကြောင်းပြချက်မရှိ ရိုက်နှက်ပြီးတော့ အကျဉ်းထောင်တိုက်ထဲကို ပို့ဆောင်ခဲ့တယ် လို့ PPNM က ဆိုပါတယ်။

အဲဒီကိစ္စတွေကြောင့် အစာအငတ်ခံ ဆန္ဒပြလာတာဖြစ်ပြီး အကျဉ်းသူအကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးတဲ့အချိန် တရားလက်လွန်မလုပ်ဆောင်ဖို့ ၊လူအခွင့်ရေးနဲ့အညီဆောင်ရွက်ဖို့နဲ့ ကျန်းမာရေး‌စောင့်ရှောက်မှု ရရှိစေဖို့ စတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...