မွန်အမျိုးသားကောလိပ်နဲ့ ထိုင်း Payap တက္ကသိုလ်တို့ အဆင့်မြင့်ပညာရေးအတွက် MoU ရေးထိုး

မွန်အမျိုးသားကောလိပ်နဲ့ ထိုင်း Payap တက္ကသိုလ်တို့ အဆင့်မြင့်ပညာရေးအတွက် MoU ရေးထိုး
ဓာတ်ပုံ - NMSP
ဓာတ်ပုံ - NMSP

မွန်အမျိုးသားပညာရေးကော်မတီ MNEC အောက်ရှိ မွန်အမျိုးသားကောလိပ်နဲ့ ထိုင်း Payap တက္က သိုလ်တို့ အဆင့်မြင့်ပညာရေးအတွက် ပူးပေါင်းသွားဖို့ နှစ်ဖက်တာဝန်ရှိသူတွေ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မွန်ပြည်သစ်သတင်းစဉ်ကနေ သိရပါတယ်။

မွန်အမျိုးသားကောလိပ်မှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေအတွက် နိုင်ငံတကာ အဆင့် မြင့်ပညာရေးကို လက်လှမ်းမီနိုင်ဖို့ ရည်ရွယ်ပြီး ပြင်ပနိုင်ငံရှိ တက္ကသိုလ်တွေက မွန်အမျိုးသားကောလိပ်ကို အသိအမှတ်ပြုနိုင်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

MoU စာချုပ်ရေးထိုးမှုကို ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလို ရေးထိုးနိုင်ခဲ့တာဟာ မွန်အမျိုးသားကောလိပ်အတွက် ပထမဦးဆုံး အောင်မြင်မှုရရှိလာတာ ဖြစ်ပါတယ်။

အဲဒီစာချုပ်မှာတော့ အချက် ၈ ချက် ပါဝင်ပြီး Payap တက္ကသိုလ်အနေနဲ့ မွန်အမျိုးသားကောလိပ်က ကျောင်းသားတွေရဲ့ အရည်အချင်းကို အသိမှတ်ပြုရေး ၊ အမှတ်စာရင်း လွှဲပြောင်းရေးနဲ့ Payap တက္ကသိုလ်မှာ ကျောင်းဆက်တက်ချင်တဲ့ ကျောင်းသားတွေကို လက်ခံပေးရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် Payap တက္ကသိုလ်နဲ့ မွန်အမျိုးသားကောလိပ်တို့ကြား သင်ကြားရေးနည်းလမ်းတွေနဲ့ ပ ညာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေအပြင် ပေးအပ်မယ့် ဘွဲ့ဒီဂရီတွေအတွက် နှစ်ဖက်ပူးပေါင်းဖော်ဆောင်သွားဖို့ ပါဝင်ပါတယ်။

မွန်အမျိုးသားကောလိပ်ကို ၂၀၂၂ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ညီစားစခန်းမှာ တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Associate Degree အတွက် ဘာသာရပ် ၆ ခုကို သင်ကြားပေးနေတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၄ ခုနှစ်ကစပြီး သူနာပြုသိပ္ပံ ဘာသာရပ်ကိုလည်း ထပ်တိုးထားပြီး အဲဒီဘာသာရပ်အတွက် ဒီဂရီအပြည့်အဝပေးနိုင်ဖို့ သင်ကြားပေးနေတာ ရှိတယ်လို့ မွန်ပြည်သစ်သ တင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...