ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ၊ စစ်ကောင်စီတပ်များ စုပေါင်းခံစစ်ပြင်ပြီး တော်လှန်ရေးတပ်ဖွဲ့ကို ခုခံနေ

ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ၊ စစ်ကောင်စီတပ်များ စုပေါင်းခံစစ်ပြင်ပြီး တော်လှန်ရေးတပ်ဖွဲ့ကို ခုခံနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ ၅ရက်ယနေ့အထိ စစ်‌ကောင်စီတပ်နှင့် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်များအကြား တိုက်ပွဲဆက် လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရှိရသည်။

ယနေ့နံနက်တွင် ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း -ခလရ ၉၇ တပ်ဝင်းအနီး တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်း စစ်တပ်စစ်‌ကြောင်းနေရာများမှ စစ်သားနှင့်ရဲများသည် ၉၇ တပ်တွင်း ဆုတ်ခွာပေါင်းစည်းကာ KNLA ပူးပေါင်းတပ်များအား  ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

“စစ်တပ်က တောင်ပေါ်ကျောင်း၊ မြို့မကျောင်း၊‌ ချောင်းတောင်၊ ရေကူးကန်၊‌ နှစ်သစ်ကူးကွင်းနေရာများ မှ ဆုတ်ခွာပြီးတော့ ၉၇ မှာ သွားပေါင်းနေတယ်။  လက်နက်ကြီးက လှိုင်ဝအမြှောက်ကုန်းနဲ့ ၉၇ ထဲ ကနေ ပစ်ထုတ်နေတယ်။ ရပ်ကွက်တွေထဲကို ကျတယ်။ ၉၇ ကနေ ခံစစ်ပြင်ပြီး ပစ်နေတယ်။ ”ဟု ပြော သည်။

စစ်ကောင်စီတပ်သည် နေရပ်ပြန်လာသည့် စစ်တပ်ထောက်ခံသူ မိသားစုဝင်ထဲမှ ကလေးငယ်များအား KNLA ပူးပေါင်းတပ်များ ‌စစ်ရေးလှုပ်ရှားသည့် နေရာများကို ကင်းထောက်စုံစမ်းခိုင်း‌စေမှုများရှိနေ သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြောသည်။

စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က “စစ်တပ်ဘက်က အရပ်ထဲက စစ်‌တပ်ထောက်ခံတဲ့မိသားစုက ကလေးတွေကို ရပ်ကွက်တွေထဲလိုက်ကြည့်ခိုင်းတယ်။ PDF တွေ၊ ကရင်အဖွဲ့တွေ ဘယ်နားရှိ နေလဲဆို တာပေါ့။ သူတို့က သူများအိမ်တွေက ပစ္စည်းခိုးတယ်။ PDF နေနေတာတွေ့ရင် စစ်တပ်ကို ပြောပြရ တယ်။ ကျနော်တို့ စစ်လို့ မိတော့ကလေးတွေ ၁၂ နှစ် ၁၅ နှစ် ကလေးတွေ၊ မိန်းကလေးငယ်တွေ လည်းပါတော့ နောက်မလုပ်ဖို့ ပြောဆိုပြီး ပြန်လွှတ်ပေးရတယ် ”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက တကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် ကော့ကရိတ်မြို့တွင်း တိုက်ပွဲကြောင့် မြို့ခံအရပ်သားပြည်အားလုံးနီးပါး ဘေးလွတ်ရာအခြားသော အရပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်လကျော်ကြာတိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ်ပေါင်း ၃၀၀ မီးလောင်ပျက်စီးခဲ့သလို မြို့ထဲရှိ လျှပ်စစ်မီးပေး ဓာတ်တိုင်များလည်း ပြိုလဲပျက်စီးလျက်ရှိသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်တပ်က ၉၇ တပ်ရင်းသို့ စုပေါင်းဆုတ်ခွာ ခံစစ်ပြင်ပြီး မြို့တွင်း KNLA မဟာမိတ် PDF ပူပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသည့်နေရာများကို လေယာဉ် ဗုံးကြဲတိုက်ခိုက်မည်ဟု သတင်းရှိနေ သည့်အတွက် ဒေသခံများအား နေရပ်ပြန်လည်နေထိုင်မှုမပြုလုပ်ကြရန် သတိပေးထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...