စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ ၂၀၀ ကျော်သေဆုံး

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ ၂၀၀ ကျော်သေဆုံး

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းက ၅၅ ဦးနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်အရ သိရပါတယ်။  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း သေဆုံးခဲတဲ့ အမျိုးသမီး ၇၄ ဦးနဲ့ အမျိုးသား ၁၃၂ ဦး စုစုပေါင်း ၂၀၆ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၃၂ ဦးရှိသလို သေဆုံးသူအများစုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ တစ်လတာအတွင်းမှာပဲ စစ်ကောင်စီဟာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၄၃ ဦး စုစုပေါင်း ၅၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတော့ အများဆုံးဖမ်းဆီးခံရသူတွေက မကွေးတိုင်းနဲ့ မန္တလေးတိုင်းက ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄,၄၇၄ ဦး ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပြီးဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅,၉၃၁ ဦးရှိပြီး အဲဒီအထဲက ၁၉,၉၉၃ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်သလို ၈,၆၅၆ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ဦးအပါအဝင် မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ ၁၁၉ ဦးရှိတဲ့အတွက် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ဦးရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အတည်ပြုဖို့လိုအပ်နေသေးတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ တစ်ထောင်ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုနေသလို ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူထားတဲ့ အရေအတွက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။

May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...